ဒီတစ်ခေါက်မှာတော့ စင်္ကာပူစတိုင် ကြာဇံကြော်လေးကို အိမ်မှာ လုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

ပုစွန် အကောင်လတ် ၂၀ သားလောက် (အခွံခွာပြီး ရေအေးအေးနဲ့ ဆေးကြောထားပါ)

ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ငါး ငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ

ကြာဇံခြောက် (ကြာဇံကို ရေအေးအေးနဲ့ စိမ်ထားပါ)

 

ကြက်သွန်ဖြူ အလတ် ၂ လုံး (ပါးပါးလှီး)

ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းအဖြူ လက်ဖက်ရည်ဇွန်း၁ ဇွန်းရဲ့ ၄ ပုံ ၁ပုံ

သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ပုံ

ကြက်ဥ ၂လုံး

ဝက်သား  (အသားချည်းဘဲ)၂၀ သား၊ ဆီလေးနဲ့ လှိမ့်ပြီး၊ပါးပါးလေးတွေ လှီးထားပါ။

ကြက်သွန်နီ ၁လုံးရဲ့ ၄ ပုံ ၁ပုံ (ပါးပါးလှီးထား)

ငရုတ်ပွသီး အနီ အလတ်ဆိုဒ် တစ်ခြမ်း (ပါးပါးလှီး အစေ့ထုတ်)

မုန်လာဥနီ အလတ်ကို တစ်ခြမ်းခြမ်းထား

ဟင်းခတ်အမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ဆား

ကြက်သွန်မြိတ် ၂ချောင်း (နုတ်နုတ်စင်းထားပါ)

နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပုစွန်တွေကို ရေဆေးပြီး ခြောက်အောင်ထားကာ ပန်းကန်လုံးထဲထည့်ထားပါ။ ဆီ လက်ဖက်ရည်ဇွန်း၁ ဇွန်းနဲ့ ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်ထားပါ။ သေချာနယ်ပြီး ရေခဲသေတ္တာထဲကိုထည့်ထားပါ။

ကြာဇံကို ရေနွေးပွက်ပွက်ဆူထဲထည့်ထားပြီး ၅ မိနစ်လောက်တည်ထားပါ။ ကြာဇံကို ဆယ်ယူလိုက်ပြီး ရေအေးနဲ့ ဆေးပြီး ဇကာပေါ်မှာ အခြောက်ခံထားပါ။ ကတ်ကြေးနဲ့ ကြာဇံကိုတစ်ဝက်လောက်ဖြတ်လိုက်ပါ။

ကြက်သွန်ဖြူ ကိုခွက်အသေးလေးထဲထည့်ပြီး ပဲငံပြာရည်၊ ငရုတ်ကောင်းအဖြူ၊ သကြား၊ ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ထည့်ပါ။ ပြီးရော သေချောအောင်နယ်ပါ။

ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဒယ်အိုးထဲထည့် အပူပေးပြီး ကြက်ဥထဲကာမွှေပြီး ၁၀ စက္ကန့်လောက်ကြော်လိုက်ပါ။ ဆားလိုရင် ဆားထည့်ပါ။ ပြီးရင် ပန်းကန်တစ်ခုထဲထည့်လိုက်ပါ။

ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာလောက်ကို ဒယ်အိုးထဲထည့်ပြီးအပူပေးပါ။ ဆီပူလာရင် ပုစွန်တွေကိုထည့်ပြီး စက္ကန့် ၃၀ လောက် ကြော်လိုက်ပါ။

ဝက်သား၊ ကြက်သွန်နီကိုပါထည့်ပြီး စက္ကန့် ၃၀ လောက်ကြော်ပါ။ ငရုတ်သီးအနီပွ ကိုထည့်ကြော်၊ မုန်လာဥနီကိုထည့်ကြော်ပါ။ ဟင်းခတ်မှုန့် ကိုထည့်၊ဆားကိုထည့်ပါ။

ပြီးရင် ခွက်တစ်ခုထဲ ဆယ်ထားလိုက်ပါ။

အိုးကိုသန့်ရှင်းရေးလုပ်ပါ။ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကိုထည့်၊ ဆီပူလာရင် ကြာဇံကို ထည့်ပြီး စက္ကန့် ၃၀ လောက်ကြော်ပါ။

 

ပဲငံပြာရည်၊ ဟင်းခတ်မှုန့်တို့ကိုထည့်ပြီး ကြော်ပါ။ ကြက်ဥ၊ ပုစွန်၊ ဝက်သား၊ ဟင်းသီးဟင်းရွက် တို့ကိုထည့်ပြီး စက္ကန့်၃၀ လောက် ကြော်ပါ။ အပေါ့အငန် မြည်းပြီး ဆားထည့်ပါ။ ပြီးရင် အိုးပေါ်ကချလိုက်ပြီး စားလို့ရပါပြီ။

Photo Credit: Serious Eats