ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီပိုတွေထဲမှာ ချေဖျက်ရအခက်ဆုံးကတော့ ဝမ်းဗိုက်အဆီပဲဖြစ်ပါတယ်။ ဝမ်းဗိုက်က အဆီပိုတွေကို ချေဖျက်ပေးနိုင်တဲ့ အစားအစာလေးတွေ ရှိတယ်ဆိုရင်ရော စာဖတ်သူတို့ ယုံကြပါ့မလား။

အရသာရှိတဲ့ အစားအစာတွေလည်း စားရ၊ ဝမ်းဗိုက်အဆီတွေလည်း လျော့ချသွားမှာမို့လို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။

ထောပတ်သီး

ထောပတ်သီးထဲမှာ ပါဝင်တဲ့ သဘာဝအဆီဓာတ်က ဝမ်းဗိုက်က အဆီပိုတွေကို ဖယ်ရှားပေးရုံသာမက ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ငှက်ပျောသီး

ငှက်ပျောသီး တစ်လုံးမှာ ပိုတက်စီယမ်ဓာတ် ၄၂၂ မီလီဂရမ် ပါဝင်ပါတယ်။ ထိုပိုတက်စီယမ်ဓာတ်က ခန္ဓာကိုယ် ဖောရောင်ခြင်းကို ကာကွယ်ပေးနိုင်တာကြောင့် အသားအရေက ကျစ်ကျစ်လျစ်လျစ်လေး ရှိနေမှာပါ။

ဒိန်ချဉ်

ဒိန်ချဉ်တစ်ခွက်စားသုံးပေးခြင်းအားဖြင့် အူလမ်းကြောင်းမှာ ကောင်းတဲ့ ဘက်တီးရီးယားများ ပေါက်ပွားနိုင်အောင် ကူညီပေးပြီး ဝမ်းဗိုက် ဖောရောင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကိုတော့ ဖယ်ရှားပေးပါတယ်။

ဘယ်ရီသီးများ

ဘယ်ရီသီးထဲမှာ ပါဝင်တဲ့ Antioxidants များက ကြွက်သားထဲသို့ အောက်ဆီဂျင်များ ဝင်ရောက်နိုင်အောင်၊ သွေးစီးဆင်းမှုကောင်းအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ကြွက်သား အသုံးပြုရတဲ့ လေ့ကျင့်ခန်းများ မပြုလုပ်ခင်မှာ ဘယ်ရိသီးများများ စားသုံးပေးလိုက်ပါ။ ဘယ်ရီသီးနဲ့ ဒိန်ချဉ်ကို တွဲဖက်စားသုံးမယ်ဆိုရင်တော့ ပိုမိုကောင်းမွန်ပါတယ်။

Green Tea

Photo Credit: Healthline

တစ်နေ့ကို Green Tea သုံးခွက် ပုံမှန်သောက်သုံးပေးခြင်းက ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးပြီး ကယ်လိုရီ အမြောက်အမြားကိုလည်း လျော့ကျစေပါတယ်။ အဆီပိုများ ဖယ်ရှားချင်သူများအနေနဲ့ မဖြစ်မနေ သောက်သုံးသင့်တဲ့ ဖျော်ရည်တစ်မျိုးပါပဲ။

အချဉ်ဓာတ် ကြွယ်ဝသော အစားအစာများ

လိမ္မော်သီး၊ သံပုယိုသီး၊ သံပုရာသီး စတဲ့ သစ်သီးများက ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ဗိုက်အဆီချချင်သူများအနေနဲ့ နေ့စဉ်မှီဝဲသင့်ပါတယ်။ ထိုသစ်သီးများ စားသုံးပြီး လေ့ကျင့်ခန်းပါ တွဲလုပ်ပေးမယ်ဆိုရင်တော့ ၃၀ ရာခိုင်နှုန်းခန့် ဝိတ်အကျမြန်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

Source: Cbsnews.com