တခါတလေမှာ လူတိုင်းလူတိုင်းဟာ ချောကလက်၊ ပိုင်မုန့်၊ ချိစ် တို့လိုမျိုး သရေစာတွေကို တမြုံ့မြုံ့စားရင်း အတွေးတွေနဲ့ ငေးငိုင်တတ်ကြပါတယ်။

ဒါပေမယ့်လည်း ဒီလိုမျိုးအဆတ်မပြတ်စားနေတာတောင်မှ အချိန်တန်ရင်ဗိုက်ပြန်ဆာရတာလဲဆိုတာကိုတော့ မတွေးမိကြပါဘူး။

အဲ့ဒါဘာကြောင့်လဲဆိုတော့ ကိုယ်မသိလိုက်ဘဲ စားလိုက်မိတဲ့ အစားအသောက်အချို့ဟာ ပုံမှန်ထက်ပိုပြီး သင့်ကိုဆာလောင်မွတ်သိပ်မှုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဗိုက်ပြည့်ချင်တယ်ဆိုရင်တော့ ဒီလိုအစားအစာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပေးပါ။

အချိုဓာတ်ခံသရေစာများ၊ အအေးများ

Diet ကိုလာမှာ ကယ်လိုရီမပါဝင်နိုင်ပေမယ့်လည်း သင့်ကိုတော့ ဘာကောင်းကျိုးမှမဖြစ်စေနိုင်ပါဘူး။ ဆေးသကြားတွေပါဝင်နေတဲ့ သရေစာမုန့်တွေဟာ အချိုဓာတ်ကို ပိုပြီးတော့ စားချင်စိတ်ဖြစ်ပေါ်စေပါတယ်။

Salads

Salads အကုန်လုံးက သင့်ကိုဗိုက်ဆာစေတာမဟုတ်ပေမယ့်လည်း အရွက်တွေချည်းပဲပါဝင်တဲ့ Salads တွေကတော့ သင့်ကိုဗိုက်မပြည့်စေနိုင်ပါဘူး။ ဒါကြောင့် ဆန်ညိုလုံး၊ ကန်စွန်းဥ၊ ကြက်သား၊ ဆယ်လ်မွန်နှင့် ထောပတ်သီးလို ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အဆီတွေကို ထည့်သွင်းစားသုံးပေးပါ။

အချိုရည်များ

ဗီတာမင်တွေပါဝင်တာမှန်ပေမယ့်လည်း သကြားပါဝင်မှုများပြီး ပြည့်အင့်မှုကိုဖြစ်ပေါ်စေသည့် ဖိုက်ဘာ၊ အဆီနှင့် ပရိုတင်းတို့ ပါဝင်မှုနည်းပါးပါတယ်။

မုန့်ကြွပ်များ

အချို့သူများက မုန့်ကြွပ်တွေဟာ ဝိတ်ချရာမှာ စားဖို့အကောင်းဆုံးဟု တွေးထင်ကြပေမယ့်လည်း ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများလို့ ခန္ဓာကိုယ်မှအမြန်အဆန်စုပ်ယူနိုင်ပြီး ပို၍တောင်စားချင်နေမှာပါ။ ဒါကြောင့် ဗိုက်ပြည့်စေရန်အတွက် မုန့်ကြွပ်တွေကိုစားတဲ့အခါမှာ ထောပတ်၊ ထောပတ်သီး သို့မဟုတ် ricotta တို့နဲ့ရောပြီး စားသုံးပါ။

အငန်ဓာတ်ရှိသရေစာများ

အငန်အရသာနှင့် မုန့်ပဲသရေစာများက သင့်ကိုရေငတ်စေတာကို လူတွေက ဗိုက်ဆာတာနဲ့ အထင်မှားတတ်ကြလို့ ပိုစားမိကြပါတယ်။

အရက်သေစာ

အစားအသောက်မဟုတ်တဲ့ အရက်တွေမှာ ကယ်လိုရီအပြည့်ပါဝင်ပြီး သင့်ကိုပိုပြီး စားချင်စိတ်ဖြစ်ပေါ်စေပါတယ်။ အရက်ဟာ ဦးနှောက်ကို ဆာလောင်ပြင်းပြတဲ့အရာတစ်ခုအဖြစ်ပြောင်းလဲလိုက်လို့ အစားအစာတွေပိုစားလာစေပါတယ်။