သစ်သီးတွေကို ဒီတိုင်းပဲထားမယ်၊ ဒီတိုင်းပဲ ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ခဏလေးနဲ့ ရိသွားတာ၊ မဲသွားတာ၊ ပုပ်သွားတာမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သစ်သီးတွေကို ကြာရှည်အထားခံစေမယ့် နည်းလမ်းကောင်းလေးတချို့ကို မျှဝေပေးလိုက်ပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးကို ဒီတိုင်းပဲထားရင် ခဏလေးနဲ့ ရိသွားပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် ရေ ၃ စနဲ့ ရှာလကာရှည် ၁ စကိုရောပြီး စတော်ဘယ်ရီသီးကို စိမ်လိုက်ပါ။ ပြီးရင် ချက်ချင်းရေစင်အောင် ပြန်စစ်ပြီး ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။ ဒါဆို ပိုပြီးအထားခံပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို ဒီတိုင်းထားရင် မဲသွားပါလိမ့်မယ်။ ဒါကြောင့် အခိုင်ထိပ်ကို ခဲပတ်နဲ့ပတ်ထားလိုက်ပါ။ ဒါဆို ပိုပြီးအထားခံပါတယ်။

ထောပတ်သီး

ထောပတ်သီးကို တစ်ခြမ်းခြမ်းပြီး အစေ့ထုတ်ကာ အစေ့နေရာမှာ သံပယိုသီးညှစ်ထည့်၊ ဘေးပတ်ပတ်လည်ကို သံပယိုသီးသုတ်ပြီး ပလတ်စတစ်နဲ့ အုပ်ထားလိုက်ပါ။ ဒါဆို အကောင်းအတိုင်းပဲ အထားခံပါတယ်။

နောက်တစ်မျိုးအနေနဲ့ ထောပတ်သီးကို တစ်ခြမ်းခြမ်းပြီး ဘူးထဲထည့်၊ ကြက်သွန်နီပါခြမ်းပြီးထည့်ထားလိုက်ပါ။ ဒါဆိုလည်း အထားခံပါတယ်။

ပန်းသီး

ပန်းသီးကို မစားခင်မှာ ကြိုခွဲပြီး ဒီတိုင်းထားရင် မဲသွားပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် ခွဲစိတ်ပြီး သူ့အလုံးအတိုင်းပဲ သားရေကွင်းနဲ့ ပတ်ထားလိုက်ပါ။ ဒါဆို မမဲတော့ပါဘူး။

Source: www.5minutecrafts