သဘော်သီးကိုစားတဲ့အခါမှာ အစေ့ကိုအမြဲတမ်းလွှင့်ပစ်လေ့ရှိပါတယ်။ သင်္ဘောစေ့ရဲ့ အကျိုးကျေးဇူးတွေကို သိပြီးရင်တော့ လွှင့်ပစ်တော့မှာ မဟုတ်ဘူးလို့ တွေးမိပါတယ်။

ဘာလို့လဲဆိုတော့ သင်္ဘောစေ့မှာ ရောဂါပေါင်းများစွာကို ကုသပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်နေလို့ပါပဲ။

သင်္ဘောစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

၁။ ကင်ဆာ

what-is-cancer

သင်္ဘောစေ့ဟာ ကင်ဆာတိုက်ဖျက်ရေးအတွက် အထူးကောင်မွန်တဲ့ ဆေးတစ်လက်ပါပဲ။ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးပေးနိုင်ပြီး ရင်သားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ သွေးကင်ဆာ ၊ ဆီးကြိတ်ကင်ဆာနဲ့ အဆုတ်ကင်ဆာဖြစ်ပွားမှုကို ပျောက်ကင်းစေနိုင်ပါတယ်။

၂။ အသည်းကျန်းမာရေး

liver-disease

သစ်သီးဖျော်ရည် (သို့) အစားအစာတွေထဲမှာ သင်္ဘောစေ့ ၅ စေ့ ၆ စေ့လောက်ကို ရောပြီးစားပေးတာဟာ သည်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အသည်းကိုကျန်းမာစေပါတယ်။

၃။ ကျောက်ကပ်ကျန်းမာရေး

kidneys-failure-ayurvedic-treatment

သင်္ဘောစေ့ဟာ ကျောက်ကပ်ဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။

၄။ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိများ

inflammatory-properties

သင်္ဘောစေ့မှာ ရောင်းရမ်းမှုကိုသက်သာစေတယ်ဂုဏ်သတ္တိတွေပါဝင်ပြီး အဆစ်အမြစ်နာကျင်ကိုက်ခဲတာ ၊ ရောင်ရမ်းတာ ၊ အရိုးအဆစ်တွေ နာကျင်တာတွေကို သက်သာစေပါတယ်။

၅။ ဘက်တီးရီးယားကိုတိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိများ

rmit_antibacterial_cloth-6

သင်္ဘောစေ့မှာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိတွေပါဝင်ပြီး သွေးလွန်တုပ်ကွေး အူရောင်ငန်းဖျား စတဲ့ရောဂါတွေ အလွယ်တကူဝင်ရောက်ကူးစက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

၆။ အစာချေစနစ်ကို ကောင်းမွန်စေခြင်း

foods-that-improve-digestion_1

သင်္ဘောစေ့မှာ အစာချေစနစ်ကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။ သဘော်စေ့ကို တစ်နေ့တစ်ဇွန်းလောက် စားပေးသင့်ပါတယ်။

သင်္ဘောစေ့ကိုဘယ်လိုစားမလဲ

papaya-pineapple-juice-4

သင်္ဘောစေ့ကိုကြိတ်ပြီး နွားနို့ ၊ သစ်သီးဖျော်ရည် (သို့) အသုပ်တွေထဲမှာထည့်စားပါ။

ဘေးထွက်ဆိုးကျိုး နဲ့ သတိပေးချက်

stk_drinks_istock_000013278565medium_wide

ကိုယ်ဝန်ဆောင်မိခင်တွေရှောင်ရှားပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးမွေးလာတဲ့အခါ နို့ဖြတ်ရခက်ပါတယ်။ အရွယ်ရောက်လာပေမဲ့ နို့ဖြတ်မရဘဲ ဖြစ်စေတတ်ပါတယ်။ သင်္ဘောစေ့မစားခင်မှာ ဆရာဝန်တွေနဲ့ ပထမဆုံး တိုင်ပင်သင့်ပါတယ်။