(Unicode)

သင့်ရဲ့ တစ်နေ့တာလုံးကို ကျန်းကျန်းမာမာနဲ့ အားအင်အပြည့် စတင်နိုင်ဖို့ နည်းလမ်းကောင်းကိုမျှဝေပေးချင်ပါတယ်။

မီးဖိုချောင်မှာလည်း အလွယ်တကူ ရှိနိုင်ပြီး ပြုလုပ်ရတာလည်းလွယ်ကူတဲ့ ဆေးနည်းတစ်မျိုးပါ။

သံပုယိုသီး၊ ကြက်သွန်ဖြူနဲ့ ပျားရည်ကို တွဲပြီးစားကြည့်ဖူးပါသလား။ အရသာဘယ်လိုဖြစ်နေမလဲဆိုတာကို မဟုတ်ဘဲ အဲဒီလိုစားပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိနေပါတယ်။

အကျိုးကျေးဇူးများ

ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ ဂုဏ်သတ္တိလည်းပါဝင်ပါတယ်။

မကောင်းတဲ့ ကိုလက်စထရောကို လျှော့ချပေးတာမို့ သင့်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

အဆုတ်ကိုလည်း ကျန်းမာစေပြီး ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ပါဝင်ပစ္စည်း

ပျားရည် (၁) ခွက်

ကြက်သွန်ဖြူ ၁၀ မွှာ

သံပုယိုသီး တစ်ခြမ်း

အလုံပိတ်လို့ရတဲ့ ဘူးတစ်ဘူး

ပြင်ဆင်ခြင်း

အရင်ဆုံး ကြက်သွန်ဖြူကို အခွံနွှာပြီး တောက်တောက်စဉ်းလိုက်ပါ။ အမွှာလိုက်စားတတ်ရင်လည်း တောက်တောက်မစဉ်းဘဲ ထည့်ပေးနိုင်ပါတယ်။ ပြီးရင် ဘူးထဲကို ပျားရည်အရင်လောင်းထည့်ပြီး ကြက်သွန်ဖြူထည့်ပါ။

ပြီးရင်တော့ သံပုယိုသီးကို အခွံနွှာလိုက်ပြီး အဲဒီအခွံကို တောက်တောက်စဉ်းကာ ထပ်ထည့်ပေးလိုက်ပါ။

ဘူးကိုအလုံပိတ်ပြီးအေးပြီး မှောင်တဲ့နေရာမှာ ၃ ရက်လော်ကထားထားပါ။

အဲဒီနောက်သောက်လို့ရပါပြီ။

ဘယ်လိုသောက်မလဲ

မနက်စာမစားခင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းသောက်ပေးပါ။

မနက်စာမစားခင် သံပုယိုသီး၊ ကြက်သွန်ဖြူ၊ ပျားရည်ရောထားတာကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက်ခပ်ပေးကာ ရေနွေးတစ်ခွက်နဲ့ ရောဖျော်ပြီးလည်း သောက်လို့ရပါတယ်။

တစ်ပတ်လောက်ဆက်တိုက်သောက်ပေးပါ။ ကျန်းမာရေးအတွက် သိသိသာသာ ကောင်းမွန်လာတာတွေ့ရမှာဖြစ်ပါတယ်။

(Zawgyi)

သင့္ရဲ႕ တစ္ေန႔တာလံုးကို က်န္းက်န္းမာမာနဲ႔ အားအင္အျပည့္ စတင္ႏိုင္ဖို႔ နည္းလမ္းေကာင္းကိုမွ်ေဝေပးခ်င္ပါတယ္။

မီးဖိုေခ်ာင္မွာလည္း အလြယ္တကူ ရွိႏိုင္ၿပီး ျပဳလုပ္ရတာလည္းလြယ္ကူတဲ့ ေဆးနည္းတစ္မ်ိဳးပါ။

သံပုယုိသီး၊ ၾကက္သြန္ျဖဴနဲ႔ ပ်ားရည္ကို တြဲၿပီးစားၾကည့္ဖူးပါသလား။ အရသာဘယ္လိုျဖစ္ေနမလဲဆိုတာကို မဟုတ္ဘဲ အဲဒီလိုစားေပးျခင္းျဖင့္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားစြာရွိေနပါတယ္။

အက်ိဳးေက်းဇူးမ်ား

ကိုယ္ခံအားစနစ္ကိုျမင့္တင္ေပးႏိုင္ၿပီး ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစပါတယ္။ ဘက္တီးရီးယားေတြကိုေသေစႏို္င္တဲ့ ဂုဏ္သတၱိလည္းပါဝင္ပါတယ္။

မေကာင္းတဲ့ ကိုလက္စထေရာကို ေလွ်ာ့ခ်ေပးတာမို႔ သင့္က်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။

အဆုတ္ကိုလည္း က်န္းမာေစၿပီး ေခ်ာင္းဆိုးျခင္းကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

ပါဝင္ပစၥည္း

ပ်ားရည္ (၁) ခြက္

ၾကက္သြန္ျဖဴ ၁၀ မႊာ

သံပုယိုသီး တစ္ျခမ္း

အလံုပိတ္လို႔ရတဲ့ ဘူးတစ္ဘူး

ျပင္ဆင္ျခင္း

အရင္ဆံုး ၾကက္သြန္ျဖဴကို အခြံႏႊာၿပီး ေတာက္ေတာက္စဥ္းလိုက္ပါ။ အမႊာလိုက္စားတတ္ရင္လည္း ေတာက္ေတာက္မစဥ္းဘဲ ထည့္ေပးႏုိင္ပါတယ္။ ၿပီးရင္ ဘူးထဲကို ပ်ားရည္အရင္ေလာင္းထည့္ၿပီး ၾကက္သြန္ျဖဴထည့္ပါ။

ၿပီးရင္ေတာ့ သံပုယုိသီးကို အခံြႏႊာလိုက္ၿပီး အဲဒီအခြံကို ေတာက္ေတာက္စဥ္းကာ ထပ္ထည့္ေပးလုိက္ပါ။

ဘူးကိုအလံုပိတ္ၿပီးေအးၿပီး ေမွာင္တဲ့ေနရာမွာ ၃ ရက္ေလာ္ကထားထားပါ။

အဲဒီေနာက္ေသာက္လို႔ရပါၿပီ။

ဘယ္လိုေသာက္မလဲ

မနက္စာမစားခင္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းေသာက္ေပးပါ။

မနက္စာမစားခင္ သံပုယုိသီး၊ ၾကက္သြန္ျဖဴ၊ ပ်ားရည္ေရာထားတာကို လက္ဖက္ရည္ဇြန္း ၁ ဇြန္းေလာက္ခပ္ေပးကာ ေရေႏြးတစ္ခြက္နဲ႔ ေရာေဖ်ာ္ၿပီးလည္း ေသာက္လို႔ရပါတယ္။

တစ္ပတ္ေလာက္ဆက္တိုက္ေသာက္ေပးပါ။ က်န္းမာေရးအတြက္ သိသိသာသာ ေကာင္းမြန္လာတာေတြ႕ရမွာျဖစ္ပါတယ္။