အစိမ်းဖတ်တွေကို ရေအရင် ဆေးလိုက်ပါ။

စိုနေတဲ့ ဖော့တွေ၊ အစိမ်းဘက်တွေကို မိုက်ခရိုဝေ့ထဲထည့်ပြီး အပူချိန် အနေတော်လောက်နဲ့ ၂ မိနစ်လောက်ထည့်ထားပေးပါ။

Source: Prime4Choice.com

ဒါပေမယ့် အိုးတိုက်တဲ့ သတ္တုတွေ စတီးတွေတော့ မပါလာအောင် ဂရုစိုက်ပေးပါ။ မိုက်ခရိုဝေ့က စတီးတွေ သတ္တုတွေ ထည့်လို့မရပါဘူး။ ပေါက်ကွဲ ပျက်စီးတတ်ပါတယ်။

Source: Faithbirds

ပြီးရင်တော့ မိုက်ခရိုဝေ့ထဲမှာဘဲ ခဏလောက် အအေးခံထားပြီးနောက် ထုတ်လိုက်ပါ။ ဒါဆိုရင် အစိမ်းဘက်တွေ၊ ဖော့တွေမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေ သေသွားမှာပါ။ စမ်းသပ်လေ့လာချက်များအရ မိုက်ခရိုဝေ့ နည်းလမ်းဟာ အစိမ်းဘက်တွေ ဖော့တွေမှာရှိတဲ့ ပိုးမွှားရဲ့ ၉၉.၉ ရာခိုင်နှုန်း သေစေနိုင်ပါတယ်။

ရှာလကာရည်နဲ့လည်း အသုံးပြုနိုင်

အကယ်၍ ကိုယ့်အိမ်မှာ မိုက်ခရိုဝေ့ အဆင်သင့်မရှိနေဘူးဆိုရင် ရှာလကာရည်ကိုလည်း အသုံးပြုလို့ရပါတယ်။ ရှာလကာရည် ပြင်းပြင်းထဲကို ၅ မိနစ်လောက် စိမ်ထားလိုက်ရင် ရှိနေတဲ့ ပိုးမွှားတွေရဲ့ ၉၉.၆% ကို သေစေနိုင်တယ်လို့ သုတေသန ရလဒ်အရ သိရပါတယ်။

Source: Common Sense Enterprises

ပန်းကန်ဆေးတဲ့ ဖော့တွေ၊ အစိမ်းဘက်တွေ မကောင်းတော့ရင်လည်း အသစ်နဲ့လဲလည်ပေးသင့်ပါတယ်။ အသုံးပြုတဲ့နှုန်းအပေါ်မူတည်ပြီး ၂ ပတ်ကနေ ၈ ပတ်အတွင်းပဲ အသုံးပြုသင့်ပါတယ်။