ကြက်သွန်ဖြူကို ဟင်းထဲထည့်ချက်တဲ့အခါ ရလာတဲ့ အရသာကို လူတွေ တော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ အသုတ်တွေ သုတ်တဲ့နေရာမှာလည်း ကြက်သွန်ဖြူလေးထည့်လိုက်ရင် မွှေးမွှေးလေးနဲ့ စားလို့ကောင်းပါတယ်။ အဲ့ဒီအပြင် ကြက်သွန်ဖြူက ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။
ဘာကြောင့် ကြက်သွန်ဖြူကို စိုက်သင့်သလဲ
ကြက်သွန်ဖြူက ဟင်းချက်ရာမှာ မပါမဖြစ် ပစ္စည်းဖြစ်တာကြောင့် နေ့တိုင်းနီးပါး သုံးစွဲနေရပါတယ်။ အဲ့ဒီအပြင် ကျန်းမာရေး အတွက်လည်း ကောင်းမွန်ပါတယ်။ ကြက်သွန်ဖြူကိုနေ့တိုင်းစားသုံးရင်
- ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေး
- နှလုံး ကျန်းမာရေးကို အထောက်အပံ့ပေး
- ကင်ဆာ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေး
Source: www.garden.eco
ကြက်သွန်ဖြူကို ဘယ်လို စိုက်မလဲ
ကြက်သွန်ဖြူကို ကိုယ့်ခြံထဲမှာ ဘဲဖြစ်ဖြစ်၊ တိုက်ခန်း ကျဉ်းကျဉ်းလေးထဲမှာဘဲ ဖြစ်ဖြစ် အလွယ်တကူ စိုက်ပျိုးလို့ရပါတယ်။ နေရာကျယ်ကျယ်မယူဘဲ အလွယ်တကူ စိုက်လို့ရပါတယ်။
ကြက်သွန်ဖြူ အော်ဂန်းနစ် ကို ဝယ်ယူပြီးစိုက်ပါ။ ဓာတ်မြေသြဇာတွေ အများကြီးသုံးပြီး စိုက်ထားတဲ့ ကြက်သွန်ဖြူဆိုရင် အပင်ပေါက်ဖို့ ခဲယဉ်းသလို အော်ဂန်းနစ် ကြက်သွန်ဖြူလောက်တော့ မကောင်းပါဘူး။
- ကြက်သွန်ဖြူစိုက်မယ့် မြေကို သဘာ၀ မြေသြဇာတွေဖြစ်တဲ့ သဲတွေ၊ မြေကြီးတွေ၊ သစ်ရွက်ခြောက်တွေ၊ ပြာတွေ၊ နှောက်ချေးတွေ စတာတွေထည့်ပြီး ပြင်ထားပေးပါ။ တိုက်ခန်းထဲမှာ စိုက်မယ်ဆိုရင်လည်း ခွက်လေးထဲ စိုက်ပြီး အထဲက မြေကို သေချာ ပြင်ဆင်ထားပါ။
- ကြက်သွန်ဖြူ ဥ ကြီးကြီးလေးတွေကို ရွေးပြီးစိုက်ပါ။ ဥအသေးလေးတွေကိုတော့ ဟင်းချက်စားလိုက်ပါ။
- ကြက်သွန်ဖြူ ဥကြီးတွေရဲ့ ၃ ပုံ ၂ပုံကျော် ကို မြေကြီးထဲ မြှပ်ထားပြီး ၃ ပုံ ၁ပုံ မရောက်တရောက်လေးကို ဖော်ထားပါ။ ချွန်နေတဲ့ အပိုင်းလေးကို မြေကြီးပေါ်မှာ ပေါ်ထားပါ။
Source: Barbara Pleasant
- ရေပုံမှန် လောင်းပေးပါ။
- နောက်ပိုင်းမှာ အတက်လေးတွေ စပြီး ထွက်လာပါလိမ့်မယ်။
- အရွက်တွေ ၅ ရွက် ၆ ရွက်လောက် ထွက် နေပြီဆိုရင်တော့ ကြွက်သွန်ဖြူကို ခူးစွတ်လို့ရပါပြီ။
- ခူးယူထားတဲ့ ကြက်သွန်ဖြူကို ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ သိမ်းထားလို့ရပါတယ်။
Source: SFGate
Featured Image Source: www.howtoinstructions.org