အားလုံးပဲမင်္ဂလာပါနော်။ Strand Hotel ကို အားလုံးရင်းနှီးကြမယ်ထင်ပါတယ်။ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ ကမ်းနားလမ်းမှာတည်ရှိပြီး အပြင်အဆင် ခမ်းနားတဲ့ ဟိုတယ်တစ်ခုပါ။

ဟိုတယ်အတွင်းမှာရှိတဲ့ ဘားတစ်ခုဖြစ်တဲ့ Sarkies Bar မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က Work Shop တစ်ခုပြုလုပ်ခဲ့ပါတယ်။

တက်ရောက်တဲ့သူတွေကို ကော့လ်တေးစပ်နည်း ပြသပေးပြီး ကိုယ်တိုင်လည်း Cocktail စပ်စေပါတယ်။ အဲဒီ Work Shop လေးကိုတော့ Francesco Moretti ကဦးဆောင်ပြုလုပ်ခဲ့ပြီးသူကိုယ်တိုင်ပဲ ဖော်စပ်နည်းတွေကို ပြသပေးခဲ့တာပါ။

ကော့လ်တေးဖျော်နည်း ၂ မျိုး ၊ အလှဆင်နည်း နဲ့ ဂိမ်းအစီအစဉ်တစ်ခုရယ် ပြုလုပ်ပေးခဲ့တာပါ။ တကယ်တော့ ကော့လ်တေးဖျော်ရတာဟာ လွယ်ကူတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ သူသင်ပြပေးခဲ့တဲ့ နည်းစနစ်နဲ့ လိုက်လုပ်တာ ပျော်စရာတော့ ကောင်းလှပါတယ်။

Strand Hotel ရဲ့ Sarkies ဘားကတော့ ညတိုင်း ဖွင့်လှစ်လျှက်ရှိပြီး ကော့လ်တေးကြိုက်သူတွေ၊ ဝိုင်သုံးဆောင်ရတာကြိုက်သူတွေ၊ အေးအေးဆေးဆေး အနားယူချင်သူတွေ သွားလို့အဆင်ပြေမယ့် နေရာလေးတစ်ခုဖြစ်ပါတယ်နော်။

Francesco Moretti

Francesco Moretti က ဥရောပနိုင်ငံသားဖြစ်ပါတယ်။ Mixologist (ကာ့လ်တေးနဲ့ တခြားဖျော်ရည်မှာ ဖျော်ရည်မှာ ပညာရှင်) အလုပ်ကို ၁၈ နှစ်ကတည်းက ဥရောပမှာ စတင်ခဲ့တာဖြစ်ပါတယ်။  နောက်ပိုင်း အမေရိကန်ပြည်ထောင်စု Miami မှာ သွားရောက်လုပ်ကိုင်ခဲ့ပြီး အမေရိကန် ဘားနည်းစနစ်တွေ ဗဟုသုတတွေကို လေ့လာခဲ့ပါတယ်။ နောက်ပိုင်း ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်ရှိခဲ့ပြီးတဲ့နောက် Mixologist (ကော့လ်တေးနဲ့ တခြားဖျော်ရည်မှာ ဖျော်ရည်မှာ ပညာရှင်) အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်း ဥရောပကနေ အာရှဖက်ကိုရွှေ့ပြောင်းလာခဲ့ပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ လုပ်ကိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတွေလည်း အများကြီးဝင်ပြိုင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ပြုလုပ်တဲ့ French Bacardi Mojito ပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပါတယ်။အဲဒီနောက် ဘန်ကောက်မှာ ဆက်ပြီးလုပ်ခဲ့ပြီးအခုတော့ မြန်မာနိုင်ငံရှိ Strand Hotel မှာ လုပ်ကိုင်လျက်ရှိနေပါတယ်။

Strand Hotel အကြောင်း

Strand Hotel ဟာ အရှေ့တောင်အာရှရဲ့ ပထမဆုံး ကိုလိုနီ ဇိမ်ခံ ဟော်တယ်တစ်ခုဖြစ်ပြီး ၁၉၀၁ ခုနှစ်က နာမည်ကျော်ဟိုတယ်ပိုင်ရှင်တွေဖြစ်တဲ့ the Sarkies ညီအကိုက စတင်တည်ထောင်ခဲ့တာပါ။ ၁၉ ရာစုက ကိုလိုနီ ဗိသုကာ လက်ရာတွေနဲ့ ခမ်းနားတဲ့ ဟိုတယ်တစ်ခုဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ကမ်းနာလမ်းမှာ တည်ရှိပါတယ်။ ကမ္ဘာ့ အရှေ့ဘက်ခြမ်းရှိ အကောင်းဆုံး ဟိုတယ်အဖြစ် သတ်မှတ်ခြင်းခံရရုံသာမက အထင်ကရ ပုဂ္ဂိုလ်တွေကပါ  အသိအမှတ်ပြုရသော ဟိုတယ် ဖြစ်သည်။ အကောင်းဆုံးသော ဇိမ်ခံဟိုတယ်အဖြစ် နိုဝင်ဘာလ ၂၀၁၆ခုနှစ်တွင် The Strand ကို ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။