ရန်ကုန်မြို့မှာ အသစ်ဖွင့်တဲ့ ညဈေးတန်းကို ရောက်ပြီးကြပြီလား။ နေရာကတော့ ပန်းဆိုးတန်းကနေ လသာဘက်အထိ ဆိုင်တန်းတွေ တန်းစီပြီး ရှိပါတယ်။ အတော်များများကတော့ တရုတ်တန်းက ဆိုင်တွေပါ။ ညဈေးတန်းကို လျှောက်ရင် ပွဲဈေးတန်းမှာ လည်ပြီး လျှောက်စားရတဲ့ အရသာမျိုးကို ရစေပါတယ်။

ရန်ကုန်မှာ ပထမဦးဆုံး ဖွင့်တဲ့ ညမုန့်ဈေးတန်းလို့ ပြောလို့ရပါတယ်။ ဆိုင်ခန်းတွေကို မီးနဲ့ ရေပေးထားပြီး အများသုံး အိမ်သာတွေကိုလည်း ရှိပါတယ်။

MyFood Myanmar က သူငယ်ချင်းတွေလည်း ဘယ်လို မုန့်လေးတွေကို စားချင်လဲ ဆိုတာ ပြောခဲ့ကြဦးနော်။ တို့တွေကတော့ အကင်စုံနဲ့ မာလာဟင်း အ၀စားခဲ့ကြတယ်။