အပူချိန်တွေအလွန်မြင့်ပြီး ချွေးတအိုက်အိုက်ဖြစ်နေတဲ့ တစ်နှစ်တာရဲ့အပူဆုံးရာသီကို ပြန်လည်ရောက်ရှိလာပြန်ပါပြီ။ ဒီလိုမျိုးအလွန့်အလွန် ပူအိုက်တဲ့ရာသီမျိုးမှာ ကိုယ့်ကိုယ်ကို သေချာဂရုတစိုက်မရှိဘူးဆိုရင်တော့ လွန်ကဲတဲ့အပူက သင့်ကိုနေထိုင်မကောင်းဖြစ်လာစေနိုင်ပါတယ်။

ဒါပေမယ့်လည်း ဒီလိုမျိုး နွေရာသီမှာ ချွေးထွက်လွန်တာတွေကို သံပယိုသီးတွေကို အသုံးပြုပြီး တိုက်ဖျက်နိုင်ပါတယ်။ ဒါကြောင့် သံပုယိုသီးကို ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုနိုင်သလဲ သိရှိနိုင်စေဖို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ သံပယိုရည်

အစာစားပြီးနောက် သံပယိုရည်ကို သောက်ပေးခြင်းက အစာမကြေတဲ့ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်လို့ သံပုယိုရည်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သောက်သုံးပေးနိုင်ပါတယ်။

၂။ သံပုယိုသီးရဲ့ မွှေးရနံ့

ဒီလိုမျိုး နွေရာသီ ပူအိုက်တဲ့အချိန်မှာ ချွေးထွက်လွန်တာကတော့ သဘာဝပါ။ ချွေးကနေပြီး ထွက်လာတဲ့ကိုယ်သင်းနံ့ဟာ တခါတလေမှာ အလွန်အရှက်ရစရာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုးဆိုးရွားတဲ့ ချွေးနံ့ကိုဖယ်ရှားဖို့အတွက် သံပုယိုရည်အနည်းငယ်နှင့် ရေကိုရောပြီး ချိုင်းနှင့် အခြားချွေးထွက်တဲ့နေရာတွေမှာ သုတ်လိမ်းပြီး ၁၅ မိနစ်ထားပေးပါ။ အချိန်ပြည့်သွားလျှင် ရေအေးနှင့်ဆေးကြောနိုင်ပါတယ်။

နေ့စဉ်မှန်မှန်လုပ်ဆောင်ပေးမယ်ဆိုရင် ချွေးနံ့ဆိုးရွားမှုကို သက်သာစေနိုင်ပါတယ်။

၃။ နေလောင်တာတွေအတွက် သံပုယိုသီး

ကိုယ့်ရဲ့မျက်နှာကို နေလောင်သည့်ဒဏ်မှ ကာကွယ်ရန်အတွက် သံပုယိုရည်အနည်းငယ်ကို မျက်နှာပြင်ပေါ်သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ကြာ ခြောက်အောင်ထားပြီးသွားရင် ရေအေးနှင့် မျက်နှာသစ်ပါ။ ထိရောက်တဲ့ရလဒ်တွေကို ရရှိလိုပါက တစ်နေ့လျှင် တစ်ကြိမ် နေ့စဉ်မှန်မှန်လုပ်ဆောင်ပေးပါ။

၄။ ခံတွင်းနံ့သင်းပျံ့ဖို့အတွက်

အကယ်၍ ကိုယ့်ရဲ့ခံတွင်းနံ့ဆိုးရွားနေတယ်ဆိုရင်တော့ သံပုယိုသီးကို အသုံးပြုပေးနိုင်ပါတယ်။ ပျားရည်၊ သံပုယိုရည်၊ သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီတို့ကို ရေနွေးနွေးလေးခွက်တစ်ဝက်ခန့်ထဲ ရောမွှေပါ။ ပြီးသွားလျှင် ပါးစပ်ထဲထည့်၊ ပလုပ်ကျင်းပြီးပါက ပါးစပ်ထဲမှာ လန်းဆန်းမှုကို ခံစားမိမှာပါ။