နဂါးမောက်သီးကတော့ ကျွန်မတို့ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသားအသီးတစ်မျိုးပါပဲ။ ချိုပြီး အရသာရှိလို့လည်း လူကြိုက်များတယ်။

နဂါးမောက်သီးရဲ့အကျိုးကျေးဇူးများ

ကင်ဆာ

prevent-cancer-02

နဂါးမောက်သီးမှာ အာဟာရဓါတ်တွေအများအပြားပါဝင်ပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါ ကာကွယ်ပေးနိုင်တဲ့ အသီးအဖြစ်လည်း လူသိများပါတယ်။ ချိုပြီး အရည်ရွှမ်းတဲ့ နဂါးမောက်သီးဟာ ကယ်လိုလီပါဝင်မှုနည်းပါးပြီး ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရဓါတ်တွေပါဝင်နေပါတယ်။

ကိုယ်အလေးချိန်

weight-control-07

နဂါးမောက်သီးမှာ ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့် ဝမ်းဗိုက်ကအဆီတွေ လျှော့ချရာမှာဖြစ်ဖြစ် ကိုယ်အလေးချိန်လျှော့ချရာမှာဖြစ်ဖြစ် အသုံးဝင်ပါတယ်။ ၁၉၈ ဂရမ်လေးတဲ့ နဂါးမောက်သီးတစ်လုံးမှာတောင် ကယ်လိုရီပမာဏက ၆၀ ပဲရှိတာပါ။ ၁ ဂရမ်မှာဆို ဝ.၃ ကယ်လိုရီပဲပါဝင်ပါတယ်။

အမျှင်ဓါတ်

နဂါးမောက်သီးမှာ အမျှင်ဓါတ်တွေကြွယ်စွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေ ကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို နဂါးမောက်သီး ၂၀ ဂရမ်ကနေ ၃၇ ဂရမ်ထိ စားပေးသင့်ပါတယ်။

Antioxidant

stressed-middle-aged-woman

နဂါးမောက်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင် C နဲ့ Beta Carotene ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒီဓါတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant က ဆဲလ်တွေပျက်ဆီးခြင်းကနေကာကွယ်ပေးပြီး တခြားရောဂါတွေ ဝင်ရောက်မှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။