ကြက်သွန်ဖြူကို ရိုးရာတိုင်းရင်းဆေးအဖြစ် ကမ္ဘာနဲ့ အနှံ့မှာ ယခုချိန်ထိ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြဆဲဖြစ်သလို ကြက်သွန်ဖြူမှာပါဝင်တဲ့ ဆေးအာနိသင်ကိုလည်း အသိအမှတ်ပြု နေကြရဆဲပါပဲ။ မြန်မာတို့ရဲ့ဟင်းလျာတိုင်းမှာ ကြက်သွန်ဖြူပါလေ့ရှိပါတယ်။

GarlicCloves

အာဟာရ အကျိုးကျေးဇူး

ကြက်သွန်ဖြူမှာ ဗီတာမင် A,B-Complex, C ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်၊ ဖော့စဖော့လ်ရပ်စ်၊ ကယ်လ်ဆီယမ်၊ ကြေးနီ၊ ပိုတက်ဆီယမ်၊ သံဓါတ်စတဲ့ သတ္တုဓါတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် Amino Acid, Essential Oil, ရှားပါ သတ္တုဓါတ်တွေဖြစ်တဲ့ Germanium, Selenium, Tellurium ဓါတ်တွေလည်းပါဝင်ပါတယ်။

ဒါ့အပြင် Antioxidant ၁၂ မျိုးပါဝင်ပြီး ဗိုင်းရပ်အမျိုးမျိုးကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးဖြစ်ဝါးဖြစ် မှီဝဲကြပါတယ်။

ညအိပ်ယာမဝင်ခင် ကြက်သွန်ဖြူကို ဘယ်လိုစားမလဲ

GarlicChop

ကြက်သွန်ဖြူအစိမ်းကို ဒီအတိုင်းစားရတာ အရမ်းကိုလွယ်ကူပါတယ်နော်။ နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးပေးတာဟာ ကောင်းမွန်ပါတယ်။

ညအိပ်ယာမဝင်ခင်မှာ ကြက်သွန်ဖြူတစ်ဇွန်း စားမယ်

ကြက်သွန်ဖြူ နှစ်စိတ်ကို ဖျော်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ (သို့) တောက်တော်ကစဉ်းလိုက်ပါ။ ပြီးရင် ခဏထားပါ။ ဇွန်းထဲထည့်ပြီး ရေနဲ့အတူ မျိုချလိုက်ပါ။ တကယ်လို့ ဒီအတိုင်းမစားချင်ရင် ပျားရည်နည်းနည်းရောပြီးစားပေးနိုင်ပါတယ်။

ညအိပ်ယာမဝင်ခင်သောက်ပေးရင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဘက်တီးရီးယားတွေကိုလည်း သန့်စင်ပေးနိုင်သလို ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာရှိပါတယ်။

ကြက်သွန်ဖြူအနှံ့မထွက်စေချင်လို့ မဝါးစားဘဲ မျိုချပေးရပါမယ်နော်။ မနက်မိုးလင်းရင်တော့ ရေတစ်ခွက်အပြည့်သောက်ပါ။

ကျန်းမာရေးအကျိုးကျေးဇူး

ကင်ဆာကာကွယ်ပေးနိုင်ခြင်း

ကင်ဆာဆန့်ကျင်တဲ့ဓါတ်တွေပါဝင်လို့ ကင်ဆာဖြစ်ပွားမှုကို လျှော့ကျစေပါတယ်။ အထူးသဖြင့် အစာအိမ်၊ အူမကြီးကင်ဆာဖြစ်ပွားမှုကို လျှော့ကျစေပါတယ်။

အဖျားအမျိုးမျိုး

အအေးမိဖျားနာတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိဖျားနာရင်လည်း ကြက်သွန်ဖြူ စားနိုင်ပါတယ်။

ကိုလက်စထရော သန့်စင်ပေးခြင်း

မကောင်းဆဲ့ကိုလက်စထရောတွေကို ဖယ်ရှားပေးပြီး သွေးကြောကို သန့်စင်စေလို့ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ကျစေပါတယ်။

ဆီးချို

တစ်နေ့ကို ကြက်သွန်ဖြူတစ်စိတ်စားပေးတာဟာ သွေးတွင်းသကြားဓါတ်ကို လျှော့ကျစေပါတယ်။

သွေးတိုးကျစေခြင်း

သွေးတိုးကျစေပြီး သွေးဖိအားပုံမှန်ဖြစ်စေပါတယ်။

အဆိပ်အတောက်ဖယ်ရှားပေးခြင်း

သွေးတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

သတိပေးခြင်း

ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာရှိနေပေမယ့် သွေးကြဲစေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးခဲတာကို ကာကွယ်ပေးတဲ့ ဆေးတွေနဲ့ တွဲပြီး မသောက်သင့်ပါဘူး။ ကြက်သွန်ဖြူများများစားတာကိုရှောင်ပါ။ ကြက်သွန်ဖြူများများစားရင် သွေးအားနည်းတာ၊ ကိုယ်အလေးချိန်ကျဆင်းတာ၊ gas အလွန်အကျွံထွက်တာ၊ ဝမ်းလျှောတာနဲ့ ပန်းနာရင်ကျပ်ဖြစ်စေပါတယ်။