မန်ကျည်းရွက်မှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် ကြွက်သားရောင်တာတွေ၊ အရွတ်နာကျင်တာတွေ ကို သက်သာ ပျောက်ကင်းစေမယ့် အိမ်တွင်းဆေး တစ်မျိုးဆိုရင်လည်း မမှားပါဘူး။

ကလေးတွေ ပြေးလွှားဆော့ကစားပြီး ရရှိလာတဲ့ ပွန်းပဲ့ဒဏ်ရာတွေ၊ အရွတ်ရောင်တာ ကြွက်သား နာကျင်တာတွေကို မန်ကျည်းရွက်နဲ့ ကုသလို့ရပါတယ်။

Tamarind leaves 1

ပြုလုပ်နည်း

  • မန်ကျည်းရွက်တွေကို ယူပါ။
  • ရေကို အ၀ကျယ်တဲ့ အိုးတစ်ခုထဲ ထည့်ပြီး ပွက်ပွက်ဆူအောင်လုပ်ပါ။
  • ရေက ပွက်ပွက်ဆူလာတဲ့အခါမှာ မန်ကျည်းရွက်တွေအားလုံးကို ထည့်ပြီး ၅ မိနစ်ထားပါ။ အရွက်ရဲ့ အရောင်က အညိုရောင်ကို ပြောင်းသွားရင် မီးပိတ်လိုက်ပါ။

poutice3

  • ရေကို နည်းနည်း အေးအောင်ထားပြီးရင် မန်ကျည်းရွက်တွေကို ဇကာနဲ့ ဆစ်ယူလိုက်ပြီး အ၀တ်သန့် တစ်ခုထဲထည့်ပါ။

poultice4

  • အဲ့ဒီအ၀တ်ကို စည်းပြီး ကြပ်ထုပ်ပုံစံလုပ်ကာ ကြွက်သားနာကျင်နေတဲ့ နေရာကို ကပ်ပြီး ကြပ်ထုပ်ထိုးပေးရမှာဖြစ်ပါတယ်။

poutice

မန်ကျည်းရွက် ကြပ်ထုပ်ကို နွေးနွေးလေးနဲ့ နာနေတဲ့နေရာကို ဖိပြီး ကပ်ပေးရပါမယ်။ အကယ်၍ ကြပ်ထုပ်က အနွေးဓာတ် လျော့နည်းလာရင် အရွက်တွေကို ခုနက ပြုတ်ထားတဲ့ အိုးထဲပြန်ထည့်ပါ။ ပြီးရင် ရေပြန်ညှစ်ကာ အ၀တ်ထဲထည့်ပြီး အသုံးပြုလို့ရပါတယ်။

အခုလို မန်ကျည်းရွက်ကို ကြပ်ထုပ်ထိုးပြီး မနက်ဖြစ်ဖြစ် ညနေဖြစ်ဖြစ် ဝေဒနာ သက်သာတဲ့အထိ လုပ်ပေးနိုင်ပါတယ်။

မန်ကျည်းရွက်ကို ခူးထားကာ ရေခဲသေတ္တာထဲထည့်ထားပြီး နေ့စဉ်သုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် ပြုတ်ပြီးသား မန်ကျည်းရွက်ကိုတော့ ၁ ရက်အတွင်းသာ သုံးရမှာဖြစ်ပါတယ်။