မန်ကျည်းသီးကို စားဖြစ်ပေမယ့် သူ့ရဲ့အကျိုးကျေးဇူး ဘယ်လိုရှိလဲဆိုတာ သိချင်မှသိပါလိမ့်မယ်။

How-To-Select-Tamarind

တခါတလေ အဖိုးတန်တဲ့ ဆေးဝါးတွေထက်တောင် ကျွန်မတို့ စားသုံးနေတဲ့အစားအစာတွေနဲ့ မလဲလိုက်နိုင်ပါဘူး။

အသည်းကို သန့်စင်ပေးနိုင်တယ်

Healthy-liver-and-fatty-liver-600x211

မန်ကျည်းသီးမှာပါဝင်တဲ့ အက်ဆစ်ဓါတ်တွေက အသည်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မန်ကျည်းသီးဟာ အသည်းအဆီဖုံးတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အသည်းဟာ ကျွန်မတို့ ခန္ဒာကိုယ်ရဲ့ အဓိကအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ မန်ကျည်းသီးမှည့်ကို ဒီအတိုင်းစားပေးတာပဲဖြစ်ဖြစ် ဖျော်ရည်လုပ်ပြီးသောက်ပေးတာပဲဖြစ်ဖြစ် အရမ်းကိုကောင်းမွန်ပါတယ်။

အစာခြေစနစ်

Eat-guava-to-boost-digestio

မန်ကျည်းသီးမှာ အမျှင်ဓါတ်တွေအများအပြားပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေလို့ ဝမ်းချုပ်မှာ စိတ်ပူစရာမလိုတော့ပါဘူး။

အသည်းအဆီဖုံးတာကို ကုသပေးဖို့ မန်ကျည်းသီးဖျော်ရည်ပြုလုပ်နည်း

  • မန်ကျည်းသီး အခွံခွာပြီးသား လက်နှစ်ဆုတ်စာ
  • ရေ ၁ လီတာ
  • ပျားရည်

ပြင်ဆင်ခြင်း

20160425_182954 copy

မန်ကျည်းသီးကို အစေ့ထုတ်လိုက်ပါ။ ပြီးရင်ဖျော်စက်ထဲထည့်ပါ။ ရေ ၁ လီတာကို ထည့်လိုက်ပြီး ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ပြီးရင် ဖျော်စက်ကိုလှည့်ပြီးမွှေလိုက်ပါ။

20160425_183717 copy

ဒီဖျော်ရည်ကို နေ့တိုင်းသောက်ပါ။ ၇ ရက်နဲ့ ၁၀ ရက်ကြာရင် အသည်းမှာအဆီဖုံးတာကို ဖယ်ရှားပေးသွားပါလိမ့်မယ်။

boat, bento 020

တစ်လကိုတစ်ခါ အဲလိုလုပ်ပြီးသောက်ပေးပါ။ ၃ ရက်တစ်ခါသောက်ပေးလည်းရပါတယ်။

တကယ်ကိုနည်းနည်းချဉ်နေတယ်ဆိုရင် ပျားရည်ကို ထပ်ထည့်နိုင်ပါတယ်။

Credit: omigy.com