Tequila ဟာ ကိုယ်အလေးချိန်ကို ထိန်းပေးဖို့ အတွက် ကူညီပေးနိုင်တယ်ဆိုတဲ့ မေးခွန်းကို မေးရင် ဟုတ်ပါတယ်လို့ ဖြေရပါလိမ့်မယ်။ သုတေသန ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက် အသစ်အရ Tequila ဟာ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတို့ကို ကုသရာမှာ အဓိကကျတဲ့ အပိုင်းကနေ ပါဝင်နေပါတယ်။ ပုံမှန်မဟုတ်တဲ့ အစားအစာနဲ့ အရည်တွေဟာ ဆီးချိုနဲ့ သိပ်ပြီးမအပ်စပ်တဲ့ အကြောင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု တွေ့ရှိချက်ဟာ စိတ်လှုပ်ရှားစရာပါ ဘာကြောင့်လဲဆိုရင် သူတို့ဟာ သွေးထဲက သကြားဓာတ် Level ကို ထိန်းပေးနိုင်ကြောင်း သက်သေပြခဲ့ပြီး ကိုယ်အလေးချိန်ကိုပါ ထိန်းချုပ်နိုင်ခဲ့ကြောင်းပါ ပြသခဲ့လို့ပါ။

အမေရိကန်နိုင်ငံမှာ ၂၀မီလီယမ်နဲ့ အထက်ဟာ ဆီးချိုရောဂါ အမျိုးအစား နံပတ်၂ကို ခံစားနေရတဲ့လူတွေပါ။  သူ့ရဲ့ နောက်ဆက်တွဲဟာ အဝလွန်ခြင်းနဲ့ သွေးအတွင်း အချိုဓာတ်ကို မထိန်းနိုင်ခြင်းတွေ ဖြစ်လာပါတယ်။ ဒါကြောင့် လူတိုင်းနီးပါးဟာ ကိုယ်အလေးချိန် လျှော့ချဖို့အတွက် ကြိုးပမ်းဖို့ နည်းလမ်းတွေ ရှာဖွေခဲ့ပါတယ်။

blueagave

Agavins လို့ သိကြတဲ့ Tequila ဟာ သင်္ဘောနာနတ်ပင်(ရှားစောင်းလက်ပတ်ကြီးလို့လည်းခေါ်)ကနေ လုပ်ထားတဲ့ Tequila တစ်မျိုးပါ။ ဒီသဘာ၀ သကြားဓာတ်ဟာ အစာကို မြန်မြန်မချေဖျက်နိုင်ပါဘူး။ ရလာဒ်အနေနဲ့ သူတို့ဟာ သွေးထဲကနေ ဂလူးကိုစ့်လို သကြားဓာတ်ကို မြန်မြန် မစုပ်ယူနိုင်ပါဘူး။ Agavins ဟာ အခြား Agave Nectar or Agave Syrup တို့နဲ့ မတူပါဘူး။ သူဟာ သွေးထဲက သကြားဓာတ်ကို ထူးထူးခြားခြား အကျိုးသက်ရောက်မှု ရှိပါတယ်။ ဆိုလိုတာကတော့ Agavins ဟာ သွေးထဲက ဂလူးကိုစ့်ကို မြင့်တက်စေနိုင်တဲ့ အချက်မဟုတ်ပေမယ့် ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်တဲ့ ဆိုတဲ့ သဘောပါ။

အစာမကြေလွယ်တဲ့ သူတို့မှာ ကယ်လိုရီနည်းပါးမှုတွေကိုလည်း တွေ့ရပြန်ပါတယ်။ လေ့လာသူတွေကတော့ Agavins ဟာ ကိုယ်ထဲက ဂလူးကိုစ့်ကို ပုံမှန်ဖြစ်စေရုံမကဘဲ GLP-1 လို့ခေါ်တဲ့ ဟော်မုန်းဓာတ်ကိုပါ မြင့်တက်စေပါတယ်။ ဒါဟာ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့ အချက်တစ်ချက်ပါ။ အစာစားချင်စိတ်ကို လျှော့နည်းသွားစေပြီးတော့ ကယ်လိုရီ ကျသွားစေပါတယ်။ အဲ့ဒီအချိန်မှာပဲ အစားအစာတွေကို ရွေးချယ်စားသုံးပြီး လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းသွားနိုင်မှာပါ။

tequila

အယ်ကိုဟောတွေကို အလွန်အကျွံ သောက်စေခြင်းကတော့ ကောင်းတဲ့ အတွေးအခေါ် မဟုတ်တဲ့ အတွက် နေ့စဉ်ပုံမှန် တစ်ခွက်လောက်ပဲ သောက်ပေးရင်ပဲ အဆင်ပြေလှပါပြီ။ တန်ဆေးလွန်ဘေးဆိုတဲ့စကားကိုလည်း မမေ့စေလိုပါဘူး။ အထူးသဖြင့် Tequila ကို ညစာနဲ့အတူ တွဲသောက်ပေးမယ်ဆိုရင် အကောင်းဆုံးပါပဲ။

Credit: life