ထူးခြားဆန်းပြားပြီး ရှားပါးတဲ့အသီးအနှံတွေက ဒေါ်လာထောင်ပေါင်းများစွာ ကုန်ကျနိုင်တယ်ဆိုတာ သိပါရဲ့လား ?

လူတွေက luxury ပစ္စည်းဝယ်ဖို့တွေးကြပြီဆိုရင် အများစုက အိတ် ဖိနပ် စတဲ့အသုံးအဆောင်ပစ္စည်းတွေ အနုစိတ်အရာတွေကိုဘဲ သတိရကြပါတယ်။ အသီးအနှံတစ်ခုကို ဈေးကြီးပေးစားဖို့တော့ သတိရကြမယ်မထင်ပါဘူး။ တစ်သက်မှာတစ်ကြိမ် အတွေ့အကြုံတစ်ခုအနေနဲ့ စမ်းကြည့်ချင်တယ်ဆိုရင်တော့ ကမ္ဘာပေါ်ရှိ ဈေးအကြီးဆုံး ဒီဇိမ်ခံအသီးအနှံတွေကို စမ်းပြီးစားကြည့်ပါ။

Yubari King Melon

Yubari king melon က ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး အသီးအနှံဖြစ်ပြီး Densuke ဖရဲသီးလိုပဲ Hokkaido ကျွန်းကနေ လာတာပါ။ သာမန်ဖရဲသီးထက် သိသိသာသာကြီးမားတဲ့ Yubari ဖရဲသီးက 2.5 ကီလိုဂရမ်ခန့် အလေးချိန်ရှိပြီး တစ်လုံးကို ‌$12,000 တန်ဖိုးရှိပါတယ် ။ 2019 ခုနှစ် လေလံပွဲမှာ တစ်စုံကို $45,000 နဲ့ ရောင်းချခဲ့ပြီး ဂျပန်မင်းမျိုးမင်းနွယ်ဝင်များကြား အပြန်အလှန်ဖလှယ်လေ့ရှိတဲ့ ရိုးရာဗုဒ္ဓဘာသာနဲ့ တာအိုပွဲတော်တစ်ခုဖြစ်တဲ့ Chugen Ghost Festival မှာ လက်ဆောင်အဖြစ် ပေးလေ့ရှိပါတယ်။

Ruby Roman Grapes

2008 ခုနှစ်ကတည်းက Ishikawa စီရင်စုမှာ စိုက်ပျိုးခဲ့တဲ့ Ruby Roman စပျစ်သီးက ပုံမှန်စပျစ်သီးထက် သိသိသာသာကြီးမားပြီး တစ်စည်းကို $8,400 ပါ။

Densuke Watermelon

ဂျပန်နိုင်ငံ မြောက်ဘက် ဟော့ကိုင်းဒိုးကျွန်းမှာ အလေးချိန် 11 ကီလိုဂရမ်ဝန်းကျင်ရှိတဲ့ ကမ္ဘာ့စျေးအကြီးဆုံး ဖရဲသီးကို တွေ့ရမှာပါ။ $6,100တန်ဖိုးရှိပြီး ငွေကြေးတတ်နိုင်သူများသာ စားသုံးကြတဲ့ အစားအစာတစ်မျိုးပါ။

Taiyo no Tamago Mango

အနိမ့်ဆုံးအလေးချိန် 350 ဂရမ်ရှိပြီး တစ်တွဲကို $3,000 ရှိတဲ့ ဒီသရက်သီးက ဂျပန်နိုင်ငံ Miyazaki စီရင်စုမှာ သီးသန့်စိုက်ပျိုးထားတာပါ။

Lost Gardens of Heligan Pineapple

Lost Gardens of Heligan နာနတ်သီးတွေက အင်္ဂလန်တောင်ပိုင်းရှိ Cornwall ဥယျာဉ်မှာသာ ပေါက်ရောက်ပြီး ဈေးနှုန်းကတော့ နာနတ်သီးတစ်လုံးကို $1,500 ပါ။

Square Watermelon

ကမ္ဘာတစ်ဝှမ်းမှာ ဝယ်ယူရရှိနိုင်တဲ့ စတုရန်းပုံဖရဲသီးက 5 မှ 6 ကီလိုဂရမ်ခန့် အလေးချိန်ရှိပြီး တစ်လုံး $800 ဖြစ်တာကြောင့် ကမ္ဘာ့စျေးအကြီးဆုံးသစ်သီးတွေထဲက တစ်ခုပါပဲ။

Sembikiya Queen Strawberries

ဂျပန်မှာ ဝယ်လို့ရတဲ့ နောက်ထပ် ထူးခြားဆန်းပြားတဲ့ အသီးက တစ်ထုပ်ကို $85 တန်ဖိုးရှိတဲ့ Sembikiya Queen Strawberries ပါ။ ဂျပန်မှာဇိမ်ခံလက်ဆောင်အဖြစ် ပေးလေ့ရှိတာကြောင့် စျေးကြီးတာတော့ အမှန်ပါ။

Dekopon Citrus

ကမ္ဘာ့အကောင်းဆုံးလိမ္မော်သီးများအဖြစ် သတ်မှတ်ခံထားရတဲ့ Dekopon citrus က $80 တန်ဖိုးရှိပြီး လိမ္မော်သီးနဲ့ မန်ဒရင်း ပေါင်းစပ်ထားပြီး အစေ့မပါတဲ့ ဒီသစ်သီးက ဂျပန်နိုင်ငံက ထွက်ရှိတဲ့ နောက်ထပ်သစ်သီးတစ်မျိုးပါ။

Sekai Ichi Apple

ကမ္ဘာ့အကြီးဆုံး ပန်းသီးများထဲမှ တစ်ခုဖြစ်သော Sekai Ichi ပန်းသီးကို ဂျပန်နိုင်ငံမှာ စိုက်ပျိုးထားပါတယ်။ လုံးပတ် 15 လက်မဝန်းကျင်ရှိပြီး အလေးချိန် 2 ပေါင်ရှိတဲ့ ပန်းသီးရဲ့တန်ဖိုးက $12 ပါ။

Buddha Shaped Pears

တရုတ်နိုင်ငံက တရုတ်လယ်သမား Gao Xinzhang ဖန်တီးထားတဲ့ ဗုဒ္ဓပုံသဏ္ဌာန်နဲ့တူတဲ့ သစ်တော်သီးတွေက တစ်လုံးကို $9 တန်ဖိုးရှိပါတယ်။