marketplace by City Mart မှ “The American Food Experience”အမည်ဖြင့် US အခြေစိုက် ကုန်ပစ္စည်းများ မိတ်ဆက်သည့် ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ marketplace by City Mart Golden Valley ဆိုင်ခွဲ၌ ညနေ ၄ နာရီ မှ ၆နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

“ကောင်းပေ့ဆိုတဲ့ အစားအသောက်တွေကို ကြိုက်နှစ်သက်ကြတဲ့ marketplace by City Mart ရဲ့ ဈေးဝယ်သူများအတွက် ရွေးချယ်စရာများပြားပြီး အရည်အသွေးကောင်းမွန်သော US မှတင်သွင်းရောင်းချတဲ့ စားသောက်ကုန် ပစ္စည်းအမျိုးအစားပေါင်း တစ်ရာကျော်နဲ့ မိတ်ဆက်ပေးရုံသာမက အကောင်းဆုံးသော အစားအသောက်များကို ပြုလုပ်စားသောက်နိုင်စေရန် အစားအစား ချက်ပြုတ်နည်းများကိုပါ မျှဝေပေးလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်” ဟု marketplace မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

“The American Food Experience”ပွဲကို Main Partnership အနေဖြင့် မြန်မာနိုင်ငံမှ U.S. Embassy-အမေရိကန်သံရုံး နှင့် United States Department of Agriculture (USDA)- အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီးကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် American နိုင်ငံမှ Association များဖြစ်ကြသည့် US Beef Association, US Highbush Blueberry Council, Potatoes USA, Washington Apple, US Meat Export Federation, USA Poultry & Egg Export Council တို့အပြင် Cellar Door စသဖြင့် အဘက်ဘက်မှ ပါဝင်ကူညီပံ့ပိုးပေးခဲ့သည်။

ယခုအခမ်းအနားကို CMHL မှ CEO Daw Win Win Tint နှင့် တာဝန်ရှိသူများ၊ US Embassy မှ Ambassador Scot A Marciel- သံအမတ်ကြီး စကော့ အေမာစီရယ်လ်နှင့်တကွ US Embassy နှင့် USDA တို့မှ ကိုယ်စားလှယ်များနှင့်အတူ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။

အထူးအစီအစဉ်အနေဖြင့် US fair တွင် ပါဝင်တဲ့ Product များအား  ငွေကျပ် နှစ်သောင်းခွဲဖိုးနှင့်အထက် ၀ယ်ယူသူတိုင်းကို Shopping Bag တစ်လုံး လက်ဆောင်ပေးသွားမှာဖြစ်ပါသည်။ ထို့အပြင် Sampling Station အစီအစဉ်များလည်းပါဝင်တာကြောင့် လက်မလွှတ်သင့်သော Festival တစ်ခုဖြစ်ပါသည်။ “The American Food Experience” အမည်ဖြင့် ပြုလုပ်ကျင်းပသည့် US Fair ကို သြဂုတ်လ (၁၆) ရက် ၂၀၁၈ မှ (၃၀)ရက် နေ့ အထိ marketplace by City Mart ဆိုင်ခွဲတိုင်းတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့အပြင် marketplace by City Mart (၆မိုင်ခွဲ) နှင့် marketplace Golden Valley ဆိုင်ခွဲများရှိ Promotion Area တွင် Special Display များအဖြစ် ခင်းကျင်း၍ သြဂုတ်လ (၁၆) ရက် ၂၀၁၈ မှ (၃၀)ရက်နေ့ အထိ ရောင်းချပေးသွားမည်ဖြစ်ပါသည်။

Living it up! marketplace by City Mart

City Mart Holding Co,Ltd. သည် marketplace by City Mart ဆိုင်ခွဲကို(၂၀၁၁)ခုနှစ်မှစတင်၍ Golden Valley ဆိုင်ခွဲအနေဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးယခုအချိန်တွင် ဆိုင်ခွဲ (၅) ဆိုင်ဖြင့် မြန်မာနိုင်ငံ၏ ခေတ်မီလက်လီ (Modern Retail Market) ဈေးကွက်တွင် ထိပ်ဆုံးမှရပ်တည်လျက်ရှိပြီး (Retail Market)ဈေးကွက်၏ အမှတ်သင်္ကေတဖြစ်လာခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ၅၃သန်းကျော်သောလူဦးရေတို့၏ လိုအပ်ချက်များကိုပိုမိုဖြည့်ဆည်းပေးနိုင်ရန် ဆိုင်ခွဲများတိုးချဲ့ဖွင့်လှစ်လျက်ရှိပြီး အကောင်းဆုံးအသစ်ဆုံးဝန်ဆောင်မှုများ ပေးနိုင်ရန်လည်းအမြဲကြိုးပမ်းလျက်ရှိပါသည် ။ ထိုကဲ့သို့ဆိုင်ခွဲများဖွင့်လှစ်ရန် ကြိုးပမ်းနေချိန်တွင် ကျွန်ုပ်တို့၏ ၀န်ထမ်းများ ၊ ဈေးဝယ်သူ မိဘပြည်သူများ ၊ လူမှုအဖွဲ့အစည်းနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးပြုမှုများကိုဦးစားပေးထည့်သွင်းစဉ်းစားဆောင်ရွက်လျက်ရှိပါသည် ။