ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားရတာဟာ ခန္ဓာကိုယ်အတွင်း စွမ်းအင်တွေမရှိတော့လို့ပါပဲ။ မျက်ကွင်းညိုတာ အသားအရေခြောက်တာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေရှိနေပြီဆိုတဲ့ လက္ခဏာပါပဲ။
ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်ရှိတာဟာ ရောဂါပိုးအလွယ်တကူ ကူးစက်နိုင်ပါတယ်။
ဒီတော့ ဖယ်ရှားပစ်ဖို့လိုပါတယ်။ တစ်ပတ်လုံး စားထားခဲ့သမျှ အဟာရဓါတ်မညီမျှတဲ့ အစားအစာတွေ၊ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ အစားအစာတွေ ကို စနေတနင်္ဂနွေနေ့တွေမှာ ဖယ်ရှားလိုက်ကြရအောင်ပါ။
အစီအစဉ်
စနေနေ့
မနက်အိပ်ယာနိုးနိုးချင်း ရေနွေး ၂၅၀ မီလီလီတာ သောက်ပေးပါ။
မနက်စာ = ကွေကာအုပ်ပြုတ်၊ ရိုးရိုးရေ ၂၅၀ မီလီလီတာ (သို့) ရေနွေး၊ Blue Berry သီး ခွက် တစ်ဝက်၊ ဒိန်ချည် ၂၀၀ မီလီလီတာ။
နေ့လည်စာ= ရိုးရိုးရေ ၂၅၀ မီလီလီတာ၊ အရွက်သုပ် ၂ ခွက်စာ ( ခရမ်းချည်သီး၊ ဂေါ်ဖီ စတဲ့အရွက်များ)၊ ငှက်ပျောသီး ၁ လုံး၊ ဖရဲသီး ၁ စိတ်၊ အာလူး။
အစာပြေ = ရိုးရိုးရေ ၂၅၀ မီလီလီတာ၊ ပန်းသီး ၁ လုံး၊ ဒိန်ချည် ၁၈၀ မီလီလီတာ၊ ရွှေဖရုံစေ့။
ညစာ = ရိုးရိုးရေ ၂၅၀ မီလီလီတာ (သို့) ရေနွေး၊ သံပုယိုသီးနဲ့ သံလွင်ဆီ ထည့်သုပ်ထားတဲ့ အသုတ်၊ တူနာငါးပေါင်း (သို့)တူနာငါး အကင် ၊ အသီးအရွက်ပေါင်း။
တနင်္ဂနွေ
မနက်အိပ်ယာနိုးနိုးချင် ရေနွး ခွက်အကြီးနဲ့ ၁ ခွက်သောက်ပါ။
မနက်စာ = ကွေကာအုပ် ၁ ခွက်၊ ဒိန်ချည် ၂၀၀ မီလီလီတာ၊ Green Tea နဲ့ သစ်တော်သီး ၁ လုံး။
အစာပြေ = Grapefruit (သို့) ကျွဲကောသီး။
နေ့လည်စာ = ရိုးရိုးရေ ၂၅၀ မီလီလီတာ၊ အသီးအရွက်စွပ်ပြုတ် ( ပဲ၊ ငရုတ်သီး၊ အာလူး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်နံနံပင်)၊ ကြက်ရင်အုပ်သားကင် ၂၀၀ ဂရမ်၊ သခွားသီး ဆားရေဆိမ်။
ညစာ = ရေနွေးကြမ်၊ နိုကိုဥနဲ့ မုန်လာဥနီသုပ် ။
Source: healthyfoodproteam