သင့်မိသားစုနဲ့ ထမင်းဝိုင်းမှာ အတူထိုင်ပြီး ထမင်းလက်စုံစားခဲ့တာ ဘယ်တုန်းကလဲဆိုတာ မှတ်မိသေးလား။

တိုးတက်လာတဲ့ လူနေမှုဘဝတွေနဲ့အတူ သင်တန်းတွေ၊ အလုပ်တွေ၊ ကျောင်းတွေနဲ့ မနားနိုင်အောင် ပြေးလွှားနေရင်း အောင်မြင်မှုအနောက်ကို လိုက်ရင်း မိသားစု နွေးထွေးမှုတွေက တဖြည်းဖြည်း လျော့ပါးလာတတ်ပါတယ်။

အိမ်ကို စောစောပြန်ပါ။ မိသားစုနဲ့ နွေးနွေးထွေးထွေး အတူတကွ ညစာ စားသုံးဖို့ အချိန်ပေးကြပါ။

မိသားစု စုံစုံလင်လင်နဲ့ထမင်းစားခြင်းအားဖြင့် အကျိုးကျေးဇူးများစွာရှိနေပါတယ်။

ပေါင်းသင်း ဆက်ဆံရေးတိုးတက်လာခြင်း

ထမင်းစားနေရင်း မိသားစု ဝင်အချင်းချင်း စကားပြောတာက မိသားစု သံယောဇဉ်ကို ပိုခိုင်မာစေပြီး အချင်းချင်းပိုပြီး ရင်းနှီးနွေးထွေးမှုကို ရရှိပါတယ်။ ကိုယ့်မှာရှိတဲ့သတင်းအချက်အလက် အကြောင်းအရာတွေကို မျှဝေနိုင်ပြီး ကလေးတွေနဲ့အတူ ရင်းရင်းနှီးနှီးနေလို့ ရတဲ့အချိန်ပါ။

မိသားစု ထမင်းဝိုင်းတွေက နွေးထွေးမှု၊ လုံခြုံစိတ်ချမှု၊ချစ်ခြင်း မေတ္တာ တို့ကို တိုးပွားစေပါတယ်။

ကောင်းမွန်တဲ့ အမူအကျင့်တွေကို ပျိုးထောင်နိုင်ခြင်း

မိသားစု ထမင်းဝိုင်းက ကလေးတွေရဲ့ စားသောက်မှုပုံစံ၊ လူကြားသူကြားထဲမှာ သတိပြုရမယ့် နေထိုင်စားသောက်မှုတွေ၊ လူမှုရေးဆိုင်ရာ စကားပြောဆိုပုံတွေကို သင်ကြားပေးနိုင်ပါတယ်။

ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်ခင်ရင်းနှီးစွာ အတူတကွ စကားပြောရင်း သင်ကြားလို့ရပါတယ်။

အစားအစာ အသစ်လေးတွေမြည်းစမ်းရင်း သူတို့ သိမြင်လိုစိတ်ကို ချဲ့ထွင်နိုင်ခြင်း

သင့်ကလေးကို အပြောင်းအလဲကို မကြောက်တဲ့ စိတ်ဓာတ်မျိုး ရရှိဖို့ အရင်ဆုံး အစားအစာ အသစ်လေးတွေကို စားသုံးရင်း ကျင့်ပေးလို့ရပါတယ်။

အတင်းအကျပ် တိုက်တွန်းတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်း နားလည်မှုယူပြီး ဆွဲဆောင်ကာ အစားအစာ အသစ်အဆန်းတွေကို စားကြည့်ခိုင်းပါ။

တခြားနိုင်ငံက အစားအစာတွေ၊ ယဉ်ကျေးမှုနဲ့ နွယ်တဲ့ အစားအစာတွေကို သမိုင်းကြောင်းလေး ရှင်းပြပြီး စိတ်ဝင်စားဖွယ် ထမင်းဝိုင်းလေးကို ဖန်တီးလို့ရပါတယ်။

အာဟာရပြည့်စုံစွာ ရရှိခြင်း

အိမ်မှာ ချက်တဲ့ ဟင်းလျာတွေက အပြင်က ဟင်းလျာတွေထက်ပိုပြီး ကျန်းမာရေးနဲ့ညီညွတ်သလို အာဟာရလည်း ပိုပြီး ရှိပါတယ်။

အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းတွေကို လတ်လတ်ဆတ်ဆတ်နဲ့ ဈေးနှုန်းသက်သာစွာနဲ့ ချက်ပြုတ်စားသောက်နိုင်ပါတယ်။

ဒါ့ကြောင့် အမျှင်ဓာတ်၊ ကယ်ဆီယမ်၊ ဗီတာမင် A, C နဲ့Folate ဓာတ်တွေ ကြွယ်ဝစွာရရှိနိုင်ပါတယ်။

ကိုယ့်ကိုကို ယုံကြည်မှု ရှိလာခြင်း

ဟင်းလျာတွေချက်ပြုတ်ဖို့ကလေးတွေကို စီစဉ်နိုင်ဖို့ အတူတကွ လက်တွဲသင်ကြားပေးရင်းနဲ့ကိုယ့်ကိုကို ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ကလေးငယ်တွေက လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ စာရင်းလုပ်တာ၊ ဈေးဝယ်တာ၊ ဟင်းချက်ရာမှာ ကူညီတာတို့ လုပ်ဆောင်နိုင်ပါတယ်။

မူကြိုအရွယ်ကလေးတွေက စားပွဲပေါ်ကို ပန်းကန်တွေချတာ၊ နည်းနည်းကြီးတဲ့ကလေးတွေက ဟင်းသီးဟင်းရွက်တွေ လှီးချွတ်တာတို့ ကူညီပေးနိုင်ပါတယ်။

ဆယ်ကျော်သက်ကလေးငယ်တွေကို ဟင်းတစ်မျိုးလောက်ကို ကိုယ်တိုင် လက်စွမ်းတွေပြဖို့ အခွင့်အရေးပေးလို့ရပါတယ်။

မကောင်းတဲ့ အကျင့်တွေ မလုပ်ဆောင်ဖို့ ကူညီပေးခြင်း

သုတေသန ပြုချက်အရ တစ်ပတ်ကို မိသားစုညစာ ၅ ကြိမ်အထက် စားသုံးသူတွေက တစ်ပတ်ကို ၂ ကြိမ်လောက်ဘဲ စားသုံးတွေထက်ဆေးလိပ်သောက်၊ အရက်သောက်တာနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းတွေ ပိုလျော့ကျတာကို တွေ့ရပါတယ်။

စားမေးပွဲ အမှတ်တွေ ပိုကောင်း

မိဘတွေနဲ့ မိသားစုအလိုက် ညစာစားသူတွေက ကျောင်းပညာရေးမှာ ရလဒ်ပိုကောင်းပါတယ်။

ပိုက်ဆံစုနိုင်

အိမ်မှာချက်တဲ့ ဟင်းလျာတွေက အပြင် စားသောက်ဆိုင်တွေမှာ စားတာထက် ၂ ဆ၊ ၃ ဆလောက် ပိုသက်သာလေ့ရှိပါတယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်ကနေ ကူညီပံ့ပိုးပေးထားပါတယ်။

ခနောကြက်သားမှုန့်

ခနောကြက်သားမှုန့် နဲ့ဆိုရင် အရသာရှိပြီး အာဟာရပြည့်ဝတဲ့ ဟင်းလျာတွေ ရရှိပြီး  မိသားစုဝင်အတွက် တန်ဖိုးရှိတဲ့ မိသားစု ထမင်းဝိုင်း အမှတ်တရတွေကို ရရှိမှာပါ။

ခနောကြက်သားမှုန့်က မြန်မာ ဟင်းလျာတွေဖြစ်တဲ့ ဆီပြန်၊ ဟင်းချို၊ အသုပ်၊ အကြော်အလှော်တွေမှာ အရသာရှိအောင် ထည့်သွင်းချက်ပြုတ်နိုင်ပါတယ်။