အသားအရေလှပဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတာကို အမြဲတမ်းလေ့လာနေကြတယ်မဟုတ်လား။ အသားအရေလှပပြီး စိုပြေနေခြင်းကလည်း ကောင်းခြင်းတစ်ခုပါပဲနော်။ အသားအရေတွေက အရင်ရက်တွေကနဲ့မတူပဲ သိသိသာသာစိုပြေချောမွေ့လာချင်တယ်ဆိုရင်တော့ သင့်ရဲ့ တစ်နေ့တာ အတွက် သောက်နေတဲ့သောက်စရာတွေကို ပြန်လည်စမ်းစစ်ကြည့်သင့်ပါတယ်။

အသားအရေကိုပိုပြီး လှပလာချင်တယ်ဆိုရင်တော့ ဒီအရာတွေကို သေချာသောက်သုံးပေးမှ အဆင်ပြေမယ်နော်။

ရေကိုတစ်နေ့ ၈ ခွက်ပုံမှန်သောက်ပေးဖို့က အရေးကြီးပါတယ်။ ရေများများသောက်ဖို့ အကြံပေးထားတာတွေကိုတော့ တော်တော်များများလည်း သိထားပြီးသားဖြစ်မှာပါ။ ရေကိုတစ်နေ့ ၈ ခွက်လောက်တော့အနည်းဆုံးရှိအောင် သောက်သုံးပေးနိုင်မှ ကြည်လင်တဲ့အသားအရေမျိုးကို ရရှိပိုင်ဆိုင်မှာပဲဖြစ်ပါတယ်။ ရေဆာလာတဲ့အချိန်မှာလည်း ရေကိုပဲသောက်ပေးဖို့ အကျင့်လုပ်ပေးပါ။ ရေများများသောက်တာက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြည့်ဝနေစေပြီး အသားအရေကိုလည်း ပိုပြီးတော့ကြည်လင်လာစေမှာပါ။

မနက်တိုင်းမှာ ကော်ဖီအစား ပဲနို့ကိုပဲသောက်သုံးပေးမယ်ဆိုရင် သင့်အသားအရေတွေကို ပိုပြီးတော့လှပလာစေဖို့ အများကြီးကူညီပေးနိုင်ပါတယ်။ ပဲနို့က ကော်လဂျင်ဓာတ်တွေကို ကောင်းကောင်းလှုံ့ဆော်ပေးနိုင်တာကြောင့် အသားအရေမှာရှိနေတဲ့ အရေးအကြောင်းတွေနဲ့ နေလောင်ခံထားရတဲ့ အသားအရေတွေကိုလည်း ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်နော်။ ကော်ဖီကိုတော့လူတိုင်းကြိုက်နှစ်သက်ကြတယ်ဆိုပေမယ့် မနက်ပိုင်းတွေမှာတော့ ကော်ဖီအစား ပဲနို့ကိုအစားထိုးပြီး သောက်သုံးပေးမယ်ဆိုရင် အသားအရေကိုပိုပြီးတော့ လှပလာစေနိုင်မှာပါနော်။

နေ့ခင်းဘက်တွေမှာဆိုရင်လည်း ရေနွေးကြမ်းသောက်တတ်တဲ့ အကျင့်လေးကိုလုပ်ပေးပါ။ ရေနွေးကြမ်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ မလိုအပ်တဲ့အဆိပ်အတောက်တွေကို ပြေလျော့စေနိုင်ပြီး အရေးအကြောင်းဖြစ်တာနဲ့ အရေပြားကင်ဆာဖြစ်စေနိုင်တဲ့ အလားအလာကိုလည်း လျော့နည်းစေပါတယ်။

Detox Water

အိပ်ယာမဝင်ခင်အချိန်မှာဆိုရင် တခြားသောက်စရာတွေကို မသောက်သုံးသင့်တော့ပါဘူး။ အထူးသဖြင့် ကော်ဖီတို့၊ အရက်တွေကိုမသောက်တာက အကောင်းဆုံးပါပဲ။ အသားအရေကိုကြည်လင်ပြီး လှပဖို့အတွက်ဆိုရင် ညဘက်တွေမှာ သခွားတွေကိုပါးပါးလေးတွေလှီးပြီး ရေဘူးထဲမှာထည့်ပြီး ရေနဲ့ရောပြီးသောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်ကောင်းမွန်ပြီး အသားအရေကိုလည်း ပိုပြီးတော့ကြည်လင်လာစေမှာပါ။

အသားအရေချောမွေ့ပြီး ကြည်လင်လာစေဖို့ ဘာတွေလုပ်ရမှန်းမသိပဲ ရှုပ်ထွေးနေခဲ့မယ်ဆိုရင်တော့ ဒီသောက်စရာလေးတွေနဲ့ သင့်တစ်နေ့တာကို စပြီးပြောင်းလဲကြည့်လိုက်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့အသားအရေမျိုးကို အချိန်တိုအတွင်းမှာ ရရှိပိုင်ဆိုင်မှာပဲဖြစ်ပါတယ်။