(Unicode)
ပဲပြားတုတ်ထိုး၊ ပဲပြားအစာသွပ်တို့ဆို ကျောင်းတုန်းက ခရေဇီ ဖြစ်ခဲ့ဖူးတယ်။ အရင်တုန်းက ပဲပြားကို ဘယ်ကထုတ်မှန်းမသိခဲ့မိဘူး။ အဖြူအတုံးလေးတွေ ဘယ်ကရလဲလို့ မေမေ့ကို မေးတော့ မေမေက ပဲကလုပ်တယ်လို့တော့ ပြောပြခဲ့တယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ ပဲပြားဟာ တကယ်တော့ ပဲနို့ကို အချဉ်ဖောက်ပြီး ပြုလုပ်ထားတယ်လို့ သိလာရတယ်။ ပဲပြားဟာ အသားထဲမှာ ပါဝင်တဲ့ ပရိုတင်းဓာတ် အချိုးအစားအတိုင်းပါဝင်ပါတယ်။ အဲ့ဒီ့အပြင် ခန္ဓာကိုယ်မှာပါဝင်တဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို ဖယ်ရှာပေးတဲ့ (Isoflavones) ပါဝင်တဲ့ အတွက်ကြောင့် နှလုံးရောဂါဖြစ်နိုင်နှုန်းကိုလျှော့ချပေးပါတယ်။ သံဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့်လည်း သွေးနီဥအတွက် အောက်ဆီဂျင်သယ်ပို့ပေးတဲ့ ဟီမိုဂလိုဘင် (Haemoglobin) ဖြစ်ပေါ်လညဖို့ အထောက်အပံ့ပေးပါတယ်။ ကယ်လ်ဆီယမ်နဲ့ Vitamin E ပါဝင်နှုန်းများတဲ့အတွက်ကျန်းမာရေးအတွက် လုံလောက်စွာ ထောက်ပံ့ပေးနိုင်ပါတယ်။
၁။ နှလုံးရောဂါ
အထက်မှာ ဖော်ပြထားခဲ့တဲ့အတိုင်း ပဲပြားဟာ နှလုံးရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးပါတယ်။ သွေးထဲက မကောင်းတဲ့ ကိုလက်စထရော ဓာတ်ကို လျှော့ချပေးတဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ချေကို များစွာနည်းစေပါတယ်။
၂။ ကင်ဆာ
ပဲပြားဟာ အူမကြီး ကင်ဆာကို လျှော့ချပေးပါတယ်။ ပဲပြားစားခြင်းအားဖြင့် အမျိုးသားတွေဖြစ်တတ်တဲ့ဆီးကြိတ်ကင်ဆာကို ကာကွယ်ပေးပါတယ်။လေ့လာချက်အရ ပဲပြားစားတဲ့ အမျိုးသမီးတွေဟာ မစားတဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ချေ ၆၀ ရာခိုင်နှုန်းလျော့ကျစေတယ်လို့လဲ သိရပါတယ်။
၃။ သွေးဆုံးခြင်း
ပဲပြားမှာ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက် အမျိုးသမီးတွေ သွေးဆုံးခါနီးဖြစ်လေ့ရှိတဲ့ စိတ်ကယောက်ကယက်ဖြစ်ခြင်းနဲ့ အရိုးနာခြင်းကို သက်သာစေပါတယ်။
၄။ အိုမင်းရင့်ရော်ခြင်း
ပဲပြားမှာ ပါဝင်တဲ့ Vitamin C နဲ့ ပိုတက်စီယမ် ဟာ အသားအရေကို နုပျိုဝင်းပစေပါတယ်။ ပုံမှန်စားသုံးခြင်းအားဖြင့် Omega 3နဲ့ Omega 6ကိုရရှိတဲ့အတွက် အသားအရေကို ရေဓာတ်လည်းထိန်းညှိပေးပါတယ်။ ပဲပြားကို ကြိတ်ပြီးအနှစ်ကို မျက်နှာမှာလိမ်းပေးခြင်းအားဖြင့် လှပတဲ့မသားအရေ ရရှိလာမှာပါ။
၅။ ဆံပင်ကျွတ်ခြင်း
လူတွေရဲ့ ဆံပင်ဟာ Keratin လို့ခေါ်တဲ့ ပရိုတင်းဓာတ်ကြောင့်ဖြစ်ပေါ်လာရတာပါ။ပဲပြားစားပေးခြင်းအားဖြင့် လိုအပ်တဲ့ ပရိုတင်းဓာတ်ရရှိပြီး ဆံပင်အသစ်ထပ်ထွက်လာမည့်အပြင် သန်မာစေပါတယ်။ ဈေးကြီးတဲ့ ဆံင်ပေါက်ဆေးဝယ်သောက်မယ့်အစား နေ့စဉ်စားသောက်မှုစနစ်မှာ ပဲပြားထည့်စားကြည့်ပါ။
ပဲပြားမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေရှိနေပေမယ့်လည်း သန့်ရှင်းလတ်ဆတ်တဲ့ ပဲပြားရမှသာလျှင် စိတ်ချယုံကြည်စွာ စားသုံးလို့ရမယ့်အတွက် သတိပြုစေလိုပါတယ်။
Featured Image Source: ctfresh.com.sg
(Zawgyi)
ပဲျပားတုတ္ထိုး၊ ပဲျပားအစာသြပ္တို႔ဆို ေက်ာင္းတုန္းက ခေရဇီ ျဖစ္ခဲ့ဖူးတယ္။ အရင္တုန္းက ပဲျပားကို ဘယ္ကထုတ္မွန္းမသိခဲ့မိဘူး။ အျဖဴအတံုးေလးေတြ ဘယ္ကရလဲလို႔ ေမေမ့ကို ေမးေတာ့ ေမေမက ပဲကလုပ္တယ္လို႔ေတာ့ ေျပာျပခဲ့တယ္။
ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ပဲျပားဟာ တကယ္ေတာ့ ပဲႏို႔ကို အခ်ဥ္ေဖာက္ၿပီး ျပဳလုပ္ထားတယ္လို႔ သိလာရတယ္။ ပဲျပားဟာ အသားထဲမွာ ပါဝင္တဲ့ ပ႐ုိတင္းဓာတ္ အခ်ိဳးအစားအတိုင္းပါဝင္ပါတယ္။ အဲ့ဒီ့အျပင္ ခႏၶာကိုယ္မွာပါဝင္တဲ့ မေကာင္းတဲ့ ကိုလက္စထေရာေတြကို ဖယ္႐ွာေပးတဲ့ (Isoflavones) ပါဝင္တဲ့ အတြက္ေၾကာင့္ ႏွလံုးေရာဂါျဖစ္ႏိုင္ႏႈန္းကိုေလ်ွာ့ခ်ေပးပါတယ္။ သံဓာတ္ႂကြယ္ဝတဲ့အတြက္ေၾကာင့္လည္း ေသြးနီဥအတြက္ ေအာက္ဆီဂ်င္သယ္ပို႔ေပးတဲ့ ဟီမိုဂလိုဘင္ (Haemoglobin) ျဖစ္ေပၚလညဖို႔ အေထာက္အပံ့ေပးပါတယ္။ ကယ္လ္ဆီယမ္နဲ႔ Vitamin E ပါဝင္ႏႈန္းမ်ားတဲ့အတြက္က်န္းမာေရးအတြက္ လံုေလာက္စြာ ေထာက္ပံ့ေပးႏိုင္ပါတယ္။
၁။ ႏွလံုးေရာဂါ
အထက္မွာ ေဖာ္ျပထားခဲ့တဲ့အတိုင္း ပဲျပားဟာ ႏွလံုးေရာဂါျဖစ္ႏိုင္ေခ်ကိုေလ်ွာ့ခ်ေပးပါတယ္။ ေသြးထဲက မေကာင္းတဲ့ ကိုလက္စထေရာ ဓာတ္ကို ေလ်ွာ့ခ်ေပးတဲ့အတြက္ ႏွလံုးေရာဂါျဖစ္ႏိုင္ေခ်ကို မ်ားစြာနည္းေစပါတယ္။
၂။ ကင္ဆာ
ပဲျပားဟာ အူမႀကီး ကင္ဆာကို ေလ်ွာ့ခ်ေပးပါတယ္။ ပဲျပားစားျခင္းအားျဖင့္ အမ်ိဳးသားေတြျဖစ္တတ္တဲ့ဆီးႀကိတ္ကင္ဆာကို ကာကြယ္ေပးပါတယ္။ေလ့လာခ်က္အရ ပဲျပားစားတဲ့ အမ်ိဳးသမီးေတြဟာ မစားတဲ့ အမ်ိဳးသမီးေတြထက္ ရင္သားကင္ဆာျဖစ္ႏိုင္ေခ် ၆၀ ရာခိုင္ႏႈန္းေလ်ာ့က်ေစတယ္လို႔လဲ သိရပါတယ္။
၃။ ေသြးဆံုးျခင္း
ပဲျပားမွာ ကယ္လ္ဆီယမ္ဓာတ္ ႂကြယ္ဝစြာပါဝင္တဲ့အတြက္ အမ်ိဳးသမီးေတြ ေသြးဆံုးခါနီးျဖစ္ေလ့႐ွိတဲ့ စိတ္ကေယာက္ကယက္ျဖစ္ျခင္းနဲ႔ အ႐ုိးနာျခင္းကို သက္သာေစပါတယ္။
၄။ အိုမင္းရင့္ေရာ္ျခင္း
ပဲျပားမွာ ပါဝင္တဲ့ Vitamin C နဲ႔ ပိုတက္စီယမ္ ဟာ အသားအေရကို ႏုပ်ိဳဝင္းပေစပါတယ္။ ပံုမွန္စားသံုးျခင္းအားျဖင့္ Omega 3နဲ႔ Omega 6ကိုရ႐ွိတဲ့အတြက္ အသားအေရကို ေရဓာတ္လည္းထိန္းညႇိေပးပါတယ္။ ပဲျပားကို ႀကိတ္ၿပီးအႏွစ္ကို မ်က္ႏွာမွာလိမ္းေပးျခင္းအားျဖင့္ လွပတဲ့မသားအေရ ရ႐ွိလာမွာပါ။
၅။ ဆံပင္ကြၽတ္ျခင္း
လူေတြရဲ႕ ဆံပင္ဟာ Keratin လို႔ေခၚတဲ့ ပ႐ုိတင္းဓာတ္ေၾကာင့္ျဖစ္ေပၚလာရတာပါ။ပဲျပားစားေပးျခင္းအားျဖင့္ လိုအပ္တဲ့ ပ႐ုိတင္းဓာတ္ရ႐ွိၿပီး ဆံပင္အသစ္ထပ္ထြက္လာမည့္အျပင္ သန္မာေစပါတယ္။ ေစ်းႀကီးတဲ့ ဆံင္ေပါက္ေဆးဝယ္ေသာက္မယ့္အစား ေန႔စဥ္စားေသာက္မႈစနစ္မွာ ပဲျပားထည့္စားၾကည့္ပါ။
ပဲျပားမွာ က်န္းမာေရး အက်ိဳးေက်းဇူးေတြ႐ွိေနေပမယ့္လည္း သန္႔႐ွင္းလတ္ဆတ္တဲ့ ပဲျပားရမွသာလ်ွင္ စိတ္ခ်ယံုၾကည္စြာ စားသံုးလို႔ရမယ့္အတြက္ သတိျပဳေစလိုပါတယ္။
Featured Image Source: ctfresh.com.sg