မင်္ဂလာကိတ်မုန့်တွေက သတို့သား သတို့သမီး၊ တက်ရောက်လာသူတွေကို ကံကောင်းခြင်းတွေပေးတယ်လို့ ရှေးအယူရှိကြပါတယ်။
ဒါ့ကြောင့် တော်ဝင် မင်္ဂလာဆောင်တွေမှာ မင်္ဂလာကိတ်မုန့်တွေကို ရိုးရှင်း လှပခန့်ညားအောင် ပြင်ဆင်တတ်ကြပါတယ်။
မကြာသေးခင်ကမှ မင်္ဂလာဆောင်ခဲ့တဲ့ မင်းသား ဟယ်ရီတို့ရဲ့ မင်္ဂလာပွဲက မင်္ဂလာကိတ်မုန့်ဖြစ်ပါတယ်။
လန်ဒန်မြို့အခြေစိုက် ကိတ်မုန့်အရောင်းဆိုင် Claire Ptak က လုပ်ပေးခဲ့တာဖြစ်ပြီး ဒီမင်္ဂလာပွဲမှာ တည်ခင်းမယ့် ကိတ်မုန့်တွေအတွက် Ptak နဲ့ သူမ မုန့်ဖုတ်သမား ၆ ယောက်နဲ့အတူ ၅ ရက်လောက် Buckingham နန်းတော်မှာ ဖုတ်ခဲ့ရတာပါ။
Amalfi ၊ သံပုရာသီး အလုံး ၂၀၀၊ အောဂဲနစ် ကြက်ဥ အလုံး ၅၀၀၊ ထောပတ် ၂၀ ကီလိုဂရမ်၊ ဂျုံမှုန့် ၂၀ ကီလိုဂရမ်၊ သကြား ၂၀ ကီလို ဂရမ် စသည်ဖြင့် အသုံးပြုခဲ့ကြပါတယ်။ ကိတ်မုန့်တွေရဲ့အပေါ်မှာလည်း ပန်းတွေနဲ့ အလှဆင်ထားပါတယ်။
၂၀၁၁ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့က မင်းသား ဝီလျံနဲ့ ကိတ်တို့ မင်္ဂလာဆောင်တုန်းက အသုံးပြုခဲ့တဲ့ မင်္ဂလာကိတ်မုန့်ပါ။
၁၉၈၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က မင်းသား ချားစ်နဲ့ မင်းသမီး ဒိုင်ယာနာ တို့ မင်္ဂလာဆောင်တုန်းက မင်္ဂလာကိတ်မုန့်ဖြစ်ပြီး ကိတ်မုန့်အမြင့်က ၅ ပေရှိပါတယ်။
ဒီကိတ်မုန့်ကတော့ မင်းသားချားလ်စ် ရဲ့မိခင် ၊ လက်ရှိဘုရင်မကြီး အဲလိဇဘက်စ် နဲ့ မင်းသား ဖိလစ်ရဲ့ မင်္ဂလာပွဲက မင်္ဂလာ ကိတ်မုန့်ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က ကျင်းပတဲ့ ဘုရင်မကြီး အဲလိဇဘက်စ်ရဲ့ မင်္ဂလာပွဲမှာအသုံးပြုခဲ့တာဖြစ်ပြီး ကိတ်မုန့်က ၉ ပေလောက်မြင့်ပါတယ်။