တခါတလေက ကိုယ်က ဟင်းချက်ကျွမ်းကျင်သူဖြစ်ပေမယ့် ကိုယ့်လက်ရာက 5 Star စားသောက်ဆိုင်က လက်ရာလောက် မကောင်းဘူးလို့ ခံစားရတတ်ပါတယ်။ ။

စားသောက်ဆိုင်တွေက စားဖိုမှူးတွေမှာ ဟင်းချက်တဲ့ လျို့ ဝှက်ချက်တစ်ချို့ ရှိပါတယ်။

နာမည်ကြီး စားဖိုမှူးတွေ ပြောပြလေ့ရှိတဲ့ ဟင်းချက်နည်း လျို့ဝှက်ချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

မီးပြင်းပြင်းနဲ့ချက်ပါ

these-chef-secrets-will-turn-your-home-cooked-meals-into-5-star-restaurant-tastes.w1456

အိမ်မှာ ဟင်းချက်ရင် မီးကို ပုံမှန်လောက် ဒါမှမဟုတ် မီးအေးအေးနဲ့ပဲ ချက်လေ့ရှိကြပါတယ်။ ဒါပေမယ့် စားသောက်ဆိုင်တွေမှာတော့ ဟင်းတွေကို မီးပြင်းပြင်းနဲ့ ချက်လေ့ရှိပါတယ်။ မြန်မြန် ပြီးအောင် ချက်တဲ့အပြင် တချို့ အစားအစာတွေက မီးပြင်းပြင်းနဲ့ချက်မှ အဆင်ပြေတာမျိုး ရှိပါတယ်။

ဥပမာ အသီးအရွက်ကြော်လို ဟင်းလျာမျိုးဆိုရင် မီးအေးအေးနဲ့ချက်ရင် စိမ်းစိမ်းစိုစိုမရှိတော့ဘဲ နွမ်းနေသလိုဖြစ်တာကြောင့် စားသောက်ဆိုင်တွေမှာဆိုရင် မီးပြင်းပြင်းနဲ့ မိနစ်အနည်းငယ်အတွင်းကြော်လှော်လိုက်ကြတာပါ။

လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုပြီးပြင်ဆင်ပါ

pexels-photo-128391

ဟင်းချက်ရာမှာ သုံးတဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားပြီး လက်တစ်ကမ်းအလိုမှာ ထားထားပါ။ ဟင်းချက်တဲ့အခါမှာသုံးဖို့ လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ကြက်သွန်နီတို့၊ ကြက်သွန်ဖြူတို့ကို တခါတည်း ခွာထားလှီးထားရပေးပါ။

ဒါပေမယ့် အချိန်အစောကြီး ကြိုခွာ၊ လှီးထားရင်လည်း အရသာ ကောင်းတော့မှာမဟုတ်ပါဘူး။

လိုအပ်တဲ့ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားမှသာ ဟင်းချက်နေတုန်း ဟိုဟာကျန်၊ ဒီဟာ ကျန်မဖြစ်မှာပါ။

ကြက်သွန်နီတွေ များများသုံးပါ

bulb-closeup-close-up-clove-161603

နာမည်ကြီး စားဖိုမှူးတွေ နာမည်ကြီးစားသောက်ဆိုင်တွေက ဟင်းလျာတွေချက်တဲ့အခါမှာ ကြက်သွန်နီကို များများနဲ့ နိုင်နိုင်သုံးပါတယ်။

ကြက်သွန်နီမှာက သဘာဝအချိုဓာတ်နဲ့တခြား အရသာတွေကို ပေးစွမ်းနိုင်ပါတယ်။

နာမည်ကြီး အမေရိကန်လူမျိုး စားဖိုမှူး Anthony Bourdain က တစ်နေ့ကို သူ့ စားသောက်ဆိုင်က ကြက်သွန်နီအလေးချိန်ပေါင်း ပေါင် ၂၀ လောက်သုံးတယ်လို့ ရေးသားခဲ့ဖူးပါတယ်။

စည်သွပ်ဘူး အစားအစာတွေ ရှောင်ကြဉ်ပါ

Tuna Can

တချို့က အိမ်ထမင်း အိမ်ဟင်းချက်တယ်ဆိုပေမယ့် စည်သွပ်ဘူး ဟင်းလျာတွေကို အိုးထဲထည့်ပြီး ၊ ခရမ်းချဉ်သီးနဲ ရောလိုက်နဲ့ဘဲ ချက်ကြတာပါ။

တကယ်တော့ အသားလတ်လတ်ဆတ်ဆတ် ချက်တာက အရသာအတွက်ရော၊ ကျန်းမာရေးအတွက်ရော အကောင်းဆုံးပါဘဲ။

အသားပြုတ်ရည်တွေ၊ကြပ်တိုက်ရည်တွေကို ကိုယ်တိုင်လုပ်ပါ

2

ဟင်းလျာတွေ ချက်ပြုတ်ရာမှာ အလွယ်တကူ အချိုမှုန့်သုံးတာတို့မလုပ်ဘဲ ကြပ်တိုက်ထားတဲ့အသားတွေ ဒါမှမဟုတ် သိမ်းထားတဲ့ အသားပြုတ်ရည်တွေ၊ အရိုးပြုတ်ရည်တွေကိုသုံးပြီး အရသာရှိအောင် ချက်ပြုတ်လို့ရပါတယ်။

ဟင်းချက်လို့ ပိုလျှံနေတဲ့ အသားတွေ၊ အရိုးတွေကို ပြုတ်ပြီး ရေခဲသေတ္တာထဲထည့်ထားရင် နောက်ပိုင်းလိုအပ်တဲ့အခါ ပြန်နွေးပြီး အသုံးပြုနိုင်ပါတယ်။

ထောပတ်ကို သုံးပါ

butter-617638_1280

ဆိုင်မှာချက်တာနဲ့ အိမ်မှာချက်တာရဲ့ ကွာခြားချက်တစ်ခုကလည်း ထောပတ်သုံးတာဖြစ်ပါတယ်။ အိမ်တွေမှာက ထောပတ်ကို မသုံးပေမယ့် ဆိုင်တွေမှာကတော့ အမြဲလိုလို သုံးကြပါတယ်။

ထောပတ်က သံလွင်ဆီထက် မီးခိုးပိုထွက်ပေမယ့် အသားနဲ့ဟင်းသီးဟင်းရွက်တွေကို အရသာ ပိုရှိစေပါတယ်။

ဓားကိုင်တာကို ကျွမ်းကျင်အောင်လုပ်ပါ

pexels-photo-342230

ဟင်းသီးဟင်းရွက်တွေကို အရွယ်ညီညီနဲ့ လှီးဖြတ်နိုင်တာက ကြည့်လို့ကောင်းသလို ဟင်းချက်ရာမှာလည်း ကျက်တဲ့နှုန်း ညီပါတယ်။ မဟုတ်ရင် တချို့အတုံးတွေက အကျက်လွန်ပြီး တချို့က သိပ်မကျက်တာမျိုး ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ဓားကိုင်တဲ့ နည်းကိုလည်း လေ့လာထားသင့်ပါတယ်။

ပြင်ဆင်ပုံ

ဟင်းချက်ပြီးတဲ့အခါမှာ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပုံကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ဟင်းချက်ပြီးရင် အချိန်အနည်းငယ်ယူပြီး ဟင်းလျာကို စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ကြည့်လိုက်ပါ။

 

ခနောကြက်သားမှုန့်

image001

ခနောကြက်သားမှုန့်က မိသားစု ဟင်းလျာတွေကို အနံ့အရသာနဲ့ ပြည့်စုံအောင် ကူညီနိုင်ပါတယ်။

ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံမှာ ချက်ပြုတ်လေ့ရှိတဲ့ လူမျိုးတိုင်းရဲ့ ရိုးရာ ဟင်းလျာတွေနဲ့ လိုက်ဖက်အောင် အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် ခနောနဲ့ဆိုရင် မိသားစုရဲ့ ထမင်းဝိုင်းလေးက အနံ့အရသာနဲ့ ပြည့်စုံပြီး အာဟာရရှိတဲ့ ပျော်ရွှင်စရာ မိသားစုထမင်းဝိုင်းလေး ဖြစ်လာမှာပါ။