အရသာလည်းရှိပြီး အဟာရဓါတ်ကြွယ်ဝတဲ့ ရေမုန်ညှင်းကို အိမ်တွင်းဆေးတစ်ခွက်အနေနဲ့ အသုံးပြုလို့ရပါသေးတယ်။ ရေမုန်ညှင်းဟာ ချောင်းဆိုးရင်ကျပ်တာ၊ အဖျားကူးလွယ်တာ ၊ ချဲသလိပ်၊ ချောင်းဆိုးတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။

ရေမုန်ညှင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

watercressa

သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ Antioxidant ပါဝင်ခြင်း၊ ကင်ဆာဆန့်ကျင်တဲ့ အကျိုးကျေးဇူးတွေရှိခြင်း၊ ဆီးချိုအတွက်ကောင်းမွန်ခြင်း၊ အရိုးသန်မာစေခြင်း၊ အအေးမိဖျားနာသက်သာစေခြင်း၊ အစာချေစနစ်ကောင်းမွန်စေခြင်း၊ မျက်လုံးကိုကျန်းမာစေခြင်း၊ အသားအရေကို နုပျိုစိုပြေစေခြင်း၊ သွားတွေကို ခိုင်မာစေခြင်း၊ ဆံသားကို ကျန်းမာစေခြင်းတွေအပြင် သိုင်းရွိုက်ဂရင်းကိုလည်း သက်သာစေပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ရေမုန်ညှင်းနဲ့ ဘယ်လိုကုသမလဲ

5559209389_b8fee1f2bf

၁။ ရေမုန်ညှင်းလတ်လတ်ဆတ်ဆတ်ကို ၁ အောင်စလောက် တစ်နေ့ကို ၂ ကြိမ် (သို့) ၃ ကြိမ်စားသုံးပေးပါ။

၂။ ရေမုန်ညှင်းကိုပြုတ်ပြီး ရလာတဲ့အရည်ကို ခပ်နွေးနွေးသောက်ပေးပါ။

03

၎။ ရေမုန်ညှင်းတစ်စည်းကို မုန်လာဥနီ ၂ဥ (သို့) ၃ ဥနဲ့ ဂျင်း လက်မ၀က်ရောပြီး ဖျော်ရည်လုပ်ကာ သောက်ပေးပါ။

ဘယ်လိုတွေစားသုံးနိုင်သေးလဲ

ရေမုန်ညှင်းကိုသုတ်ပြီးလည်းစားသုံးနိုင်သလို တခြားအသီးအရွက်ဖျော်ရည်တွေနဲ့ ရောကြိတ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။

သတိပြုရန်

watercress

ဆီးအိမ်ရောင်နေတဲ့ လူနာတွေကတော့ ရှောင်သင့်ပါတယ်။ ဒါမှမဟုတ် အကန့်အသတ်နဲ့ စားသင့်ပါတယ်။ Hyperthyroid ရှိတဲ့သူတွေလည်း အတန်အသင့်သာ စားသုံးပေးသင့်ပါတယ်။ အိုင်အိုဒင်းဓါတ် ပါဝင်မှုများလို့ဖြစ်ပါတယ်။ ဆေးဝါးတစ်ခုခုမှီဝဲနေရတဲ့သူဖြစ်ရင်တော့ ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။