မကြာသေးမီက စပိန်နိုင်ငံရဲ့ လေ့လာတွေ့ရှိမှုအရ ဖရုံစေ့ဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။ ဖရုံစေ့မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ပစ္စည်း Anti-Inflammatory ပါဝင်တာကြောင့် ကင်ဆာဆဲလ်အမျိုးမျိုးကို တိုက်ဖျက်နိုင်ပါတယ်။

pumpkin-seeds-with-pumpkin-and-leaves

သွေးဆုံးပြီး အမျိုးသမီးတွေ စားသင့်တဲ့ ရွှေဖရုံစေ့

stressed-middle-aged-woman

သွေးဆုံးပြီး အမျိုးသမီးတွေလည်း ဖရုံစေ့ကိုစားသင့်တယ်လို့ ဂျမနီနိုင်ငံက လေ့လာတွေ့ရှိချက်တစ်ခုကလည်း ဖော်ပြထားပါတယ်။ ဘာလို့လဲဆိုတော့ ရွှေဖရုံစေ့ဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုကို ၂၃ % ထိလျှော့ချပေးနိုင်ပါတယ်။

ဖရုံစေ့မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း တခြားကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေလည်း အများအပြားရှိနေပါတယ်။

ရွှေဖရုံစေ့ရဲ့ အကျိုးကျေးဇူးများ

sleeping-beaut

၁။ အိပ်ယာမဝင်ခင် ရွှေဖရုံစေ့အနည်းငယ်ကို စားသုံးပေးတာဟာ ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတာကြောင့် အိပ်ရေးဝစေပါတယ်။

shutterstock_107196293

၂။ ရွှေဖရုံစေ့မှာ သွပ် (Zinc) ဓါတ်ကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အမြင်အာရုံကိုကြည်လင်စေပါတယ်။ ဒါ့အပြင် အသားအရေကိုကြည်လင်စေပြီး စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပါတယ်။

urlhg

၃။ ရွှေဖရုံစေ့ကို စားပေးတာဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။

၄။ နောက်ဆုံးအနေနဲ့ကတော့ စိတ်ဖိစီးမှုကို သက်သာစေပြီး စိတ်ကိုပျော်ရွှင်စေပါတယ်။

ဒါ့ကြောင့် ညအိပ်ယာမဝင်ခင် နာရီပိုင်းအလိုမှာ ရွှေဖရုံစေ့ကို စားပေးဖို့ အကြံပြုလိုက်ပါတယ်။