အရသာရှိတဲ့ စတော်ဘယ်ရီသီးကို စားပေးသင့်တဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခုကတော့ ရင်သားကင်ဆာ ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့်ဖြစ်ပါတယ်။ အဲဒီလေ့လာတွေ့ရှိချက်ကို Scientific Reports ဂျယ်နယ်မှာ ဖော်ပြပေးခဲ့တာပါ။ သုတေသီတွေက စတော်ဘယ်ရီမှာပါဝင်တဲ့ အဟာရဓါတ်တွေဟာ ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

strawberries-e1461858660204

အဲဒီလေ့လာမှုကို ကြွက်တွေကို အုပ်စုနှစ်စုခွဲပြီးစတင်ခဲ့တာပါ။ ပထမတစ်ဖွဲ့ကိုတော့ တခြား အဆင့်အတန်းမြင့် အစားအစားတွေကျွေးခဲ့ပြီး ဒုတိယတစ်ဖွဲကိုတော့ စတော်ဘယ်ရီ ၁၅%ပါဝင်တဲ့အစားအစာတွေ ကျွေးပြီး စမ်းသတ်ခဲ့တာပါ။ ၁ လအကြာမှာတော့ ကြွက်အားလုံးကို ရင်သားကင်ဆာဆဲလ် A17 ထိုးပေးခဲ့ကြပါတယ်။ အဲဒီကင်ဆာတွေကို ၂ ပတ်တစ်ခါ စစ်ဆေးခဲ့ကြပါတယ်။

၅ ပတ်လောက်အကြာမှာတော့ ကင်ဆာလ်အကျိတ်ကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် ကင်ဆာအကျိတ်ရဲ့ အလေးချိန်နဲ့ ပမာဏကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။

စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

စတော်ဘယ်ရီသီးစားတဲ့ ကြွက်တွေရဲ့ ကင်ဆာအကျိတ်ကတော့ ကင်ဆာကျိတ်ရဲ့ အလေးချိန်က သိသိသာသာရော့သွားပြီး အရွယ်အစားလည်း သိသိသာသာ သေးသွားတာကို တွေ့ရှိခဲ့ကြပါတယ်။ စတော်ဘယ်ရီမပါဘဲ တခြားအဆင့်တန်းမြင့် အစားအစာတွေကျွေးတဲ့ ကြွက်တွေရဲ့ ကင်ဆာကျိတ်မှာတော့ ကင်ဆာဆဲလ် ထပ်ပြီးတိုးမလာသလို ပျံ့မသွားတာကို တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် အကျဉ်းချုပ်ပြောရရင်တော့ စတော်ဘယ်ရီသီးကို ထည့်ပြီးစားပေးရင် ကင်ဆာကျိတ်ကို ကုသပေးနိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။

စတော်ဘယ်ရီ

strawberries-in-the-garden-e1464102562544

စတော်ဘယ်ရီသီးတွေမှာဆိုရင် Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် နဲ့ သတ္တုဓါတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်ဆီယမ် မဂ္ဂနစ်စ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေလည်းပါဝင်ပြီး ဗီတာမင် C ကြွယ်ဝလို့ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်ပါတယ်။