ခေါင်းတစ်ခြမ်းကိုက်တာ ဒါမှမဟုတ် ခေါင်းအရမ်းကိုက်တာမျိုးဆိုရင် အတော်ခံရခက်ပါတယ်။ ဒါကြောင့် အပြင်းအထန် ခေါင်းကိုက်တတ်သူတွေက ရောဂါသက်သာပျောက်ကင်းဖို့ နည်းလမ်းရှာကြပေမယ့် သဘာဝနည်းလမ်းကို အသုံးပြုတာတော့ နည်းကြပါတယ်။

portrait of young woman with migraine against white background

ကဲ အခုတော့ စာဖတ်သူတို့ ရောဂါတွေကို သက်သာ ပျောက်ကင်းစေမယ့် သဘာဝနည်းလမ်း ရှိလာပါပြီ။ ဒီအရသာ ကောင်းတဲ့ ဖျော်ရည်လေးကို သောက်သုံးခြင်းဖြင့် ခေါင်းကိုက်နဲ့ ပျို့အန်တာတွေကို ပျောက်ကင်းစေမှာပါ။ အမှန်တော့ ခေါင်းကိုက်တာရဲ့ အခြေခံအကြောင်းတရားက စိတ်ဖိစီးမှုကြောင့်ပါ။ ဒါပေမယ့် တခြားအကြောင်းအရင်းတွေဖြစ်တဲ့ ကိုယ်ခန္ဓာအနေအထား နေထိုင်မှုမမှန်တာ၊ အစားအသောက်၊ စိတ်ပိုင်းဆိုင်ရာ တင်းကျပ်မှုတွေနဲ့ ပတ်ဝန်းကျင်က အဆိပ်အသောက် အနံ့အသက်တွေကြောင့် ဖြစ်တတ်ပါတယ်။

ဒီလိုဖြစ်လာပြီဆိုရင် လူတွေက ဆေးဆိုင်သွားပြီး ခေါင်းကိုက်ပျောက်ဆေးသောက်လေ့ရှိပါတယ်။ ဒါပေမယ့် အခုပြောပြမယ့် နည်းလမ်းက သဘာ၀ အသီးအရွက်တွေနဲ့ပဲ ပြုလုပ်ထားတာကြောင့် အန္တရာယ်မရှိစေဘဲ ပျောက်ကင်းစေမှာပါ။

ပါဝင်ပစ္စည်းများ

celery-stalks1

တရုတ်နံနံရိုး ၅ ချောင်း

limes1

သံပုရာသီး ၁လုံး

cucumber

သခွားသီး ၁ လုံး

baby-spinach

အစိမ်းရောင် အရွက် ၃ ခွက်သို့မဟုတ် ၄ခွက်စာ (ဥပမာ – ဟင်းနုနွယ်ရွက်)

ginger

ဂျင်း (၂ လက်မ)

parsley

ရှမ်းနံနံပင် တစ်ခွက်

apple-slice-leaves

ပန်းသီး ၂ လုံး

ပြုလုပ်ပုံ

775616c85cba98e95b85e7a7541c4fae

ပါဝင်ပစ္စည်း အားလုံးကို ဖျော်စက်ထဲထည့်ဖျော်ပြီး သောက်သုံးနိုင်ပါတယ်။ ဖျော်ဖျော်ပြီးသောက်ပါက အာနိသင် ပိုရှိပါတယ်။ ဒီဖျော်ရည်မှာ ခေါင်းကိုက်တာကို သက်သာပျောက်ကင်းအောင် လုပ်ဆောင်ပေးနိုင်တဲ့ ကယ်ဆီယမ်ဓာတ်နဲ့ မဂ္ဂနီဆီယမ် ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဖျော်ရည်ထဲမှာပါဝင် ဓာတ်တွေက သွေးအတွင်း စီးဝင်သွားတာကြောင့် ခေါင်းကိုက်တာကို မြန်မြန်ဆန်ဆန် သက်သာပျောက်ကင်းနိုင်ဖို့ ကူညီပါတယ်။ ၁ မိနစ်အတွင်း ထူးခြားလာတာကိုတွေ့ရပါလိမ့်မယ်။