လူတော်တော်များများ အထူးသဖြင့် ကလေးတွေက ကြက်အူချောင်း၊ ဝက်အူချောင်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီကြက်အူချောင်း၊ ဝက်အူချောင်းတွေက ခန္ဓာကိုယ်အတွက် မကောင်းတဲ့ အစားအစာတွေပါ။ ဒါပေမယ့် မျိုးရိုးစဉ်ဆက်အလိုက် မှားယွင်းစွာစားသုံးနေကြပါသေးတယ်။

မနက်ဆိုရင် ပေါင်မုန့်နဲ့ ကြက်အူချောင်း၊ ဝက်အူချောင်းတွေကို မနက်စာ အဖြစ်စားသုံးနေကြတုန်းပါဘဲ။ တစ်ညလုံး အစာမရှိတဲ့ အစာအိမ်အတွက် ပထမဆုံးရရှိလာတဲ့ အစားအစာက အူချောင်းတွေဆိုတော့ ကျန်းမာရေးအတွက် အရမ်းထိခိုက်ပါတယ်။

Source: of Eureka Sausage

ကင်ဆာ ရောဂါဆိုင်ရာ သုတေသနအဖွဲ့က တစ်နေ့ကို ကြက်အူချောင်း သို့မဟုတ် ဝက်အူချောင်း တစ်ချောင်းစားရင် ကင်ဆာဖြစ်ပွားနိုင်ချေ ၂၁ ရာခိုင်နှုန်း အထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။

တစ်နေ့ကို တစ်ချောင်းထက်ပိုစားရင် သွေးကင်ဆာ ဖြစ်နိုင်ချေပိုများပါတယ်။

အူချောင်းတွေထဲမှာ Nitrates နဲ့ Nitrites ဓာတ်တွေပါဝင်ပြီး Amines ဓာတ်နဲ့ ရောပြီး ဓာတ်ပြုကာ Nitrosamines ဓာတ်တွေ ထွက်လာပါတယ်။ အဲ့ဒီ ဓာတ်တွေက ကင်ဆာ ဖြစ်ပွားဖို့ လုပ်ဆောင်ပေးနိုင်တဲ့ ဓာတ်တွေဖြစ်ပြီး ရှင်သန်နေတဲ့ တစ်ရှူးတွေမှာ အကြိတ်လေးတွေ ဖြစ်ပေါ်စေဖို့ အားပေးပါတယ်။

Source: Newsweek

ကြာရှည်ခံအောင် ထည့်သွင်းထားတဲ့ ဓာတုပစ္စည်းတွေ နဲ့ တခြား ဓာတ်တွေကလည်း အကြိတ်တွေကို ပွားလာအောင် ကူညီပေးပါတယ်။

တခါတလေ ကြက်အူချောင်း၊ ဝက်အူချောင်းလို့ ဘဲ နာမည်တပ်ထားပေမယ့် တခြား သတ္တဝါတွေရဲ့ အသားတွေ၊ တိရစ္ဆာန်တွေရဲ့ ခြေထောက်တွေကို ကြိတ်ပြီး ပြုလုပ်ထားတာမျိုးလည်းရှိပါတယ်။

Source: Shutterstock

ကင်ဆာ သုတေသနဌာနရဲ့ ကောက်ယူစမ်းသပ်ထားတဲ့ ဝက်အူချောင်းတစ်ခုမှာ ကြွက်ခြေထောက်တွေ၊ တခြား တိရစ္ဆာန်တွေရဲ့ အသားတွေပါ ရောကြိတ်ပြီး ပြုလုပ်ထားတာတွေ တွေ့ရပါတယ်။

ဒါကြောင့် ကြက်အူချောင်း၊ ဝက်အူချောင်းတို့ကို မစားခင် ပြန်စဉ်းစားကြည့်ပါ။ ကျန်းမာတဲ့ ဘဝကိုပိုင်ဆိုင်ဖို့အတွက် စဉ်းစားဆင်ခြင်စွာဖြင့် ကြက်အူချောင်း၊ ဝက်အူချောင်းတို့ကို စားသုံးကြပါ။