အခု IT ခေတ်မှာ လူတိုင်းလိုလို မျက်စိကို ပိုပြီး အသုံးပြုလာကြရပါတယ်။ အလုပ်ခွင်မှာဆိုလည်း အမြဲ ကွန်ပျုတာ သုံးရသလို အပန်းဖြေ ချိန်တွေမှာလည်း Facebook သုံး၊ ရုပ်ရှင်ကြည့်စတာတွေနဲ့ဘဲ မျက်စိကို အမြဲလိုလို အသုံးပြုနေရပါတယ်။

အခုလို အသုံးများပြီး အရေးကြီးတဲ့ မျက်လုံးကို ဂရုစိုက်ထိန်းသိမ်းဖို့လည်း လိုအပ်လာပါတယ်။ ဒါကြောင့် ရုရှား မျက်စိဆရာဝန်တစ်ယောက် ပြောခဲ့ကြားခဲ့တဲ့ မျက်စိ အားကောင်းစေတဲ့ နည်းလမ်းကို မိတ်ဆက်ပေးပါရစေ။

aloe-vera-gel-on-wooden-spoon-1

အမြင်အာရုံ အားကောင်းစေဖို့ ရိုးရှင်းတဲ့ သဘာဝနည်းလမ်းတွေနဲ့ဘဲ လုပ်ဆောင်လို့ရပါတယ်။ ဒီလိုနည်းလမ်းကို ဖော်စပ်ဖို့ ရှားစောင်းလက်ပတ်၊ သစ်ကြားသီး နဲ့ သံပယိုသီး တို့ဘဲ လိုအပ်ပါတယ်။ နည်းလမ်းက ရိုးရှင်း လွယ်ကူပေမယ့် ရလာမယ့် အကျိုးကျေးဇူးကတော့ မယုံနိုင်လောက်အောင် ပါဘဲ။

လိုအပ်သည့် ပစ္စည်းများ

  • ရှားစောင်း လက်ပတ် အရည် ၁၀၀ ဂရမ်
  • ကြိတ်ထားတဲ့ သစ်ကြားသီး ၅၀၀ ဂရမ်
  • ပျားရည် ၃၀၀ ဂရမ်
  • သံပုယိုသီး ၃ လုံး သို့ ၄ လုံး

110506-lemons-hmed-1p-grid-6x2

Walnuts with leaf.

အဲ့ဒီ ပစ္စည်းတွေအားလုံးကို ဖျော်စက်ထဲထည့်ပြီး မွေပြီးနောက် သောက်သုံးနိုင်ပါပြီ။ မနက်စာ၊ နေ့လည်စာ နဲ့ ညစာ မစားခင် မိနစ် ၃၀ အလိုမှာ တစ်ခါသောက်ရင် လက်ဘက်ရည် ဇွန်း ၁ ဇွန်းစာနဲ့ ၃ ကြိမ် သောက်ရမှာဖြစ်ပါတယ်။

ဒီသဘာ၀ ဆေးမှာ အာဟာရတွေနဲ့ ဗီတာမင်တွေ အများကြီးပါဝင်ပါတယ်။ အဲ့ဒါကြောင့် အမြင်အာရုံသာမက ခန္ဓာကိုယ်တစ်ခုလုံး နဲ့ ကျန်းမာရေးကို အတွက်လည်း ကောင်းပါတယ်။ ဒီဆေးကို ဖျော်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားရင် ၁၀ ရက်လောက် အထားခံ သောက်သုံးနိုင်ပါတယ်။

honey-625_625x421_41461133357

အသုံးပြုမယ့် ရှားစောင်းလက်ပတ်ရဲ့ အပင်က သက်တမ်း ၃ နှစ်အောက်ရှိပါက ပိုပြီး အကျိုးသက်ရောက်မှုရှိပါတယ်။

ဒါပေမယ့် ဒီသဘာဝဆေးကိုတော့ ကျောက်ကပ်ရောဂါရှိသူတွေ၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ၊ မွေးဖွားခါနီး ကိုယ်ဝန်သည်တွေ၊ နှလုံးရောဂါရှိသူတွေ၊ တီဘီရောဂါနဲ့ လိပ်ခေါင်းရောဂါရှိသူတွေ သောက်သုံးလို့မရပါဘူး။