သြဇာသီးကတော့ ကျွန်မတို့ မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးကြတဲ့ အသီးတစ်မျိုးပါ။ သြဇာသီးကို အိမ်မှာ အလွယ်တကူစိုက်ပျိုးလို့ရသလို ဈေးနှုန်းချိုချိုနဲ့ ၀ယ်ယူစားသုံးလို့ရပါတယ်။ အဖိုးနည်းပေမယ့် ကျန်းမာရေးအတွက်အကျိုးကျေးဇူးများတာမို့ သြဇာသီးရဲ့ အကျိုးကျေးဇူးတွေကို မျှဝေလိုက်ပါတယ်။
ကင်ဆာဆဲလ်
Source: taione trading ltd
မကြာသေးခင်က သုတေသနပြုချက်အရ သြဇာသီးဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ သရက်ရွက်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာတို့ကိုဖြစ်စေတဲ့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်ပါတယ်။
ကင်ဆာဖြစ်စေတဲ့အကြိတ်ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ခြင်း
Source: Global Food Book
အမေရိကန်ပြည်ထောင်စု Nebraska တက္ကသိုလ်ရှိ ရောဂါဗေဒပညာရှင်တစ်ဦးက သရက်ရွက်ကင်ဆာကို ကုသရာမှာ သြဇာသီးက အာနိသင်တွေများစွာရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ သြဇာသီးဟာ ကင်ဆာဖြစ်စေတဲ့ အကြိတ်ဖြစ်ပွားမှုကို သိသိသာသာလျှော့ချပေးနိုင်တယ်လို့လည်းဆိုပါတယ်။
ကင်ဆာဆဲလ်တွေကို သေစေနိုင်ခြင်း
Source: Fitlife.tv
အူမကြီးကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို တိုက်ဖျက်ရာမှာလည်း Adriamycin ဆေးထက် ပိုပြီး အကျိုးကျေးဇူးများစွာရှိတယ်ဆိုတာကို လက်တွေ့စမ်းသတ်ခန်းလေ့လာမှုတွေက ပြသနိုင်ခဲ့ပါတယ်။
အမျိုးသမီးတွေအတွက် ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပြီး သားအိမ်ခေါင်းကင်ဆာကို ကုသရာမှာလည်း များစွာထိရောက်မှုရှိပါတယ်။
ဒါ့အပြင် တခြားကင်ဆာအမျိုးအစားတွေကို ကုသရာမှာလည်း သြဇာသီးက အထောက်အပံ့ဖြစ်စေပါတယ်။