အသက်အရွယ်ရလာပြီဆိုရင် အမြင်အာရုံတွေေ၀ဝါးလာတတ်တာသဘာဝပါပဲ။ ဒီနေ့ခေတ်မှာဆို တီဗီ ဂိမ်း ဖေ့ဘုတ်တွေ အသုံးများလာကြလို့ ငယ်ငယ်ကတည်းက ပါဝါမျက်မှန်တွေ တပ်နေကြပါတယ်။
နိုကိုဥကတော့ ငယ်စဉ်ကပဲဖြစ်ဖြစ် အသက်အရွယ်ရလာရင်ဖြစ်ဖြစ် အမြင်အာရုံနဲ့ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အသည်းအဆီဖုံးတာကိုလည်း သက်သာစေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေတဲ့အပြင် တခြားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။
နိုကိုဥကို သုပ်စားရအောင်
- နိုကိုဥ ၂ ဥ (သို့) ၃ ဥ
- ကြက်သွန်နီ ၂ လုံး
- သံလွင်ဆီ အသန့်
- ရှာလကာရည်
- ဆား
ပြင်ဆင်ခြင်း
နိုကိုဥကိုအခွံနွှာပြီး ရေ ၊ ဆားအနည်ငယ်ထည့်ပြီး ပြုတ်လိုက်ပါ။
ပွက်လာပြီဆိုရင် မီးဖိုပေါ်ကချ အအေးခံပြီး အတုံးသေးသေးလေးလှီးကာ ခွက်တစ်လုံးထဲထည့်ထားပါ။ ကြက်သွန်နီကို အခွံနွှာ အတုံးလေးတွေလှီးပြီး နိုကိုဥနဲ့ရောလိုက်ပါ။ ပြီးရင် သံလွင်ဆီအနည်း၊ ရှာလကာရည်အနည်းငယ်နဲ့ ဆားအနည်းငယ်ထည့်ပါ။
ပြီးရင် သေချာနျှယ်ပေးပါ။ တကယ်လို့ ဆားမကောင်းရင်ဆားထပ်ထည့်ပြီး တခြားဟင်းခတ်မှုန့်တွေလည်း ထည့်လို့ရပါတယ်။ သုပ်ပြီးလို့ တစ်နာရီလောက်ထားပြီးမှ စားသုံးပေးပါ။
အသည်းနဲ့ အူမကြီးကို သန့်စင်စေတဲ့အပြင် အမြင်အာရုံကိုတိုးတက်လာစေပါတယ်။ နိုကိုဥသုပ်ကိုနေ့တိုင်းစားပေးဖို့ အကြံပြုပါရစေ။