[Unicode]
လေ့လာတွေ့ရှိမှုတွေက ကြက်ဥကို တစ်နေ့ ၁ လုံးစားပေးတာဟာ လေဖြတ်ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်ဆိုတာ ဖော်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လေဖြတ်ရောဂါဟာ လူသေဆုံးမှုအမြင့်ဆုံး ရောဂါ ၁၀ မျိုးထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။
၁၉၈၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ EpodStat Institute ရဲ့ လေ့လာတွေ့ရှိမှုတွေအရ ကြက်ဥကို တစ်နေ့ ၁ လုံးစားပေးတာဟာ လေဖြတ်ရောဂါဖြစ်ပွားနိုင်ချေကို ၁၂ % ထိ လျှော့ကျစေပါတယ်။
ကြက်ဥ အနှစ်မှာပါဝင်တဲ့ Omega 3 Fatty Acids တွေမှာ မကောင်းတဲ့ LDL ကိုလက်စထရော ပါဝင်မှုနည်းပါးပြီး HDL လို့ခေါ်တဲ့ ခန္တာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ ကိုလက်စထရော ပါဝင်မှု မြင့်မားပါတယ်။
ဒါ့အပြင် Choline ဓါတ်နဲ့ Vitamin B အုပ်စုတွေပါဝင်ပြီး လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် A, D, E , K စတဲ့ဓါတ်တွေလည်းပါတယ်။ ဗီတာမင် A နဲ့ E တို့မှာ Antioxidant တွေပါဝင်လို့ အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် နှလုံးသွေးကြော ကျဉ်းနေတာကိုလည်း ချဲ့ပေးပါတယ်။
ကြက်ဥကို တစ်နေ့တစ်လုံးစားတာဟာ မကောင်းတဲ့ကိုလက်စထရောတွေ ကျစေတာတင်မကဘူး။ လေဖြတ်မှုကိုလည်း လျှော့ချပေးလို့ ကြက်ဥကို မနက်ခင်းမှာ ၁ လုံးလောက်စားပေးပြီး တစ်နေ့တာကို စတင်လိုက်ပါ။
[Zawgyi]
ေလ့လာေတြ႔ရွိမႈေတြက ၾကက္ဥကို တစ္ေန႔ ၁ လံုးစားေပးတာဟာ ေလျဖတ္ေရာဂါျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးႏိုင္တယ္ဆိုတာ ေဖာ္ျပခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ေလျဖတ္ေရာဂါဟာ လူေသဆံုးမႈအျမင့္ဆံုး ေရာဂါ ၁၀ မ်ိဳးထဲက တစ္ခုအပါအ၀င္ျဖစ္ပါတယ္။
၁၉၈၂ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္ထိ EpodStat Institute ရဲ့ ေလ့လာေတြ႔ရွိမႈေတြအရ ၾကက္ဥကို တစ္ေန႔ ၁ လံုးစားေပးတာဟာ ေလျဖတ္ေရာဂါျဖစ္ပြားႏိုင္ေခ်ကို ၁၂ % ထိ ေလွ်ာ့က်ေစပါတယ္။
ၾကက္ဥ အႏွစ္မွာပါ၀င္တဲ့ Omega 3 Fatty Acids ေတြမွာ မေကာင္းတဲ့ LDL ကိုလက္စထေရာ ပါ၀င္မႈနည္းပါးၿပီး HDL လို႔ေခၚတဲ့ ခႏၱာကိုယ္အတြက္ ေကာင္းက်ိဳးျဖစ္ေစတဲ့ ကိုလက္စထေရာ ပါ၀င္မႈ ျမင့္မားပါတယ္။
ဒါ့အျပင္ Choline ဓါတ္နဲ႔ Vitamin B အုပ္စုေတြပါ၀င္ၿပီး လူတစ္ေယာက္အတြက္ ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္ A, D, E , K စတဲ့ဓါတ္ေတြလည္းပါတယ္။ ဗီတာမင္ A နဲ႔ E တို႔မွာ Antioxidant ေတြပါ၀င္လို႔ အိုမင္းရင့္ေရာ္မႈကေန ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ႏွလံုးေသြးေၾကာ က်ဥ္းေနတာကိုလည္း ခ်ဲ႕ေပးပါတယ္။
ၾကက္ဥကို တစ္ေန႔တစ္လံုးစားတာဟာ မေကာင္းတဲ့ကိုလက္စထေရာေတြ က်ေစတာတင္မကဘူး။ ေလျဖတ္မႈကိုလည္း ေလွ်ာ့ခ်ေပးလို႔ ၾကက္ဥကို မနက္ခင္းမွာ ၁ လံုးေလာက္စားေပးၿပီး တစ္ေန႔တာကို စတင္လိုက္ပါ။