အိမ်က ကလေးတွေရဲ့ အ၀တ်တွေမှာ ပီကေတွေ ကပ်လာတာမျိုး အိမ်ရှင်မတိုင်း ကြုံဖူးကြမှာပါ။ ဘတ်စ်ကားပေါ်မှာ လက်ဆော့တတ်တဲ့ လူတွေကြောင့်လည်း ကိုယ့်အ၀တ်အထည်တွေမှာ ပီကေတွေ ကပ်လာတဲ့အခါ စိတ်ညစ်ရပါတယ်။ ဒီလို စိတ်ညစ်စရာတွေကို အိမ်မှာ ရှိတဲ့ ပစ္စည်းလေးတွေနဲ့ ပျောက်ကင်းအောင် လုပ်ကြည့်ကြရအောင်။
ရေခဲသေတ္တာ
ရေခဲသေတ္တာဟာ ပီကေတွေကို ဖယ်ရှားဖို့ ကူညီပေးနိုင်တဲ့ အရာတစ်ခုဆိုတာ သင်သိပါသလား။ လွယ်လွယ်ကူကူနဲ့ မြန်ဆန်တဲ့ နည်းလမ်းပါ။ ပီကေကပ်နေတဲ့ အထည်ကို ဇစ်အိတ်ထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ၂နာရီလောက် ထည့်ထားပါ။ ပီကေဟာ ခြောက်သွေ့ပြီး အလွယ်တကူ ခွာလို့ ရသွားပါလိမ့်မယ်။
ရှာလကာရည်
ရှာလကာရည်ဟာ အိမ်တိုင်းနီးပါး ရှိတဲ့ အ၇ာပါ။ ချက်ပြုတ်ရာမှာ သုံးကြသလို သန့်ရှင်းရေးလုပ်ကြရာမှာလည်းသုံးတတ်ကြပါတယ်။ ဒီရှာလကာရည်ဟာ ပီကေကို ခွာဖို့ အတွက် အသုံးဝင်လှပြန်ပါတယ်။
ရှာလကာရည်ကို ပန်းကန်လုံးတစ်ခုထဲ ထည့်ပြီး မိုက်ကရိုဝေ့ထဲ ခဏထည့်ပြီး အပူပေးပါ။ (မီးဖိုပေါ်ခဏတင်ပြီး အပူပေးလည်းရပါတယ်) ရှာလကာရည် ပူလာပြီဆိုရင်တော့ (ဆူပွက်တဲ့အထိ မလိုပါဘူး) ပီကေကပ်နေတဲ့ နေရာကို အစက်လေးတွေ ချလိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ ပီကေတွေကို သွားပွတ်တံလေးနဲ့ တိုက်ပြီး ဖယ်ရှားလို့ ရသွားပါပြီ။
ရေခဲတုံး
ရေခဲသေတ္တာထဲ နေရာလွတ် မရှိတဲ့အခါ အခက်တွေ့နေမယ်ဆိုရင်တော့ ရေခဲတုံးလေးတွေနဲ့ အသုံးပြုလို့ ရပါတယ်။ ရေခဲတုံးတွေနဲ့ ပီကေရှိတဲ့နေရာမှာ အေားလာအောင် ကပ်ထားပါ။ ပီကေ မာလာအောင် ကပ်ထားပြီး မာလာရင်တော့ အလွယ်တကူ ခွာလို့ ရပါပြီ။