မင်္ဂလာပါပျိုမေတို့ရေ။ ဒီနေ့မှာတော့ ပျိုမေတို့အတွက် ဆံနွယ်လေးတွေ အမြန်ရှည်စေမယ့်နည်းလမ်းတွေကို ပြောပြသွားမှာပါ။ အကောင်းဆုံးနဲ့ ထိရောက်မှုအရှိဆုံးဒီနည်းလမ်းလေးတွေမို့ ပျိုမေတို့ သဘောကျမှာ သေချာပါတယ်။
၁။ Hair Treatment
ပထမဆုံး သဘာဝဆီနဲ့ ဦးရေပြားပေါ်လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ အဲဒီလိုနှိပ်ပေးတာဟာ ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေဖြစ်ဖို့ အကူအညီဖြစ်ပါတယ်။ အုန်းဆီ၊ သံလွှင်ဆီ စတဲ့ ဆီတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ပထမဆုံး ဆီကို မိုင်ခရိုဝေ့ဗ် (Microwave) နဲ့နွေးအောင်ပြုလုပ်ပါ။
အရမ်းမပူစေဘဲနွေးရုံအနေထားပဲ ပြုလုပ်ပေးရမှာဖြစ်ပြီး အဲဒီဆီကို ဦးရေပြားပေါ်လိမ်းပေးကာ လက်ချောင်းလေးတွေနဲ့ ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် ညင်သာစွာ နှိပ်နယ်ပေးပါ။ အဲဒီနောက် မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ပါ။ ဆီတွေ ပြောင်သွားဖို့အတွက် တစ်ကြိမ်ထက်မက လျှောပေးရပါမယ်။
၂။ အုန်းဆီနဲ့ ပေါင်းတင်မယ်။
အရမ်းကိုလွယ်ကူပါတယ်။ အုန်းဆီ ရေခွက်တစ်ခွက်ကို ဗာဒံဆီ ၊ အခွံမာသီး (Macadamia) ဆီ နဲ့ Jojoba ဆီ စားပွဲတင်ဇွန်း (၁) ဇွန်းဆီထည့်ပြီး မွှေပါ။ အဲဒီနောက် ဦးရေပြားနဲ့ ဆံနွယ်တွေပေါ် လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ အဲဒီနောက် ခေါင်းလျှော်ချပါ။
၃။ ဆေးဖက်ဝင် ကြက်ဆူဆီနဲ့ ပေါင်းတင်မယ်။
ဆေးဖက်ဝင် ကြက်ဆူဆီ (Castor Oil) နဲ့ ပေါင်းတင်လို့ရပါတယ်။ ကြက်ဆူဆီဟာ ဆံနွယ်တွေ အရှည်မြန်စေဖို့ အထူးကောင်းမွန်ပါတယ်။ ပထမဆုံး ကြက်ဆူဆီကို ဦးရေပြားပေါ်လိမ်းပြီး ဆံနွယ်တွေထဲ အဆီတွေ နစ်ဝင်သွားတဲ့ ထိနှိပ်ပေးပါ။ အဲဒီနောက် ခေါင်းပေါင်းပေါင်းပေးထားပြီး တစ်ညလုံးထားပါ။ မနက်ဖက်မှာ ခေါင်းလျှော်ချလို့ရပါပြီ။
၃။ ဆံနွယ်လေးတွေအတွက် အစားအစာ
ရေများများသောက်ပါ။ ပရိုတင်းဓါတ်များများစားပါ။ Omega 3 နဲ့ ဗီတာမင် D ပေါကြွယ်ဝတဲ့ Salmon ငါးစားပါ။ ဗီတာမင် E ပေါကြွယ်ဝတဲ့ သစ်ချသီးစားပါ။ အသား၊ငါးစတဲ့ သံဓါတ်ပြည့်ဝတဲ့ အစားအစာစားပါ။ ခရမ်းချည်သီး ၊ Blueberry သီး၊ ဒိန်ချည်သောက်ပါ။
၄။ အသုံးဝင်တဲ့နည်းလမ်းများ။
က ။ တစ်ပတ်ကို ခေါင်းအများဆုံး ၂ ကြိမ် ကနေ ၃ ကြိမ်ထိသာလျှော်ပါ။
ခ ။ ခေါင်းလျှော်တိုင်း ပေါင်းဆေးသုံးပါ။
ဂ ။ သဘက်နဲ့ ရေစိုနေတဲ့ ဆံပင်ကို ခပ်ကြမ်းကြမ်းမသုတ်ပါနဲ့။ ခပ်ဖွဖွလေးပဲ သုတ်ပေးပါ။
ဃ။ အိပ်ယာမဝင်ခင် ခေါင်းဖီးပါ။