ကိုယ့်အတွက်ဖြစ်စေ၊ ချစ်ရတဲ့မိသားစုအတွက်ဖြစ်စေ လူတိုင်းလူတိုင်းကတော့ အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံး အစားအသောက်တွေကိုမှ စားချင်၊ ကျွေးချင်လိုကြပါတယ်။ ဒါပေမယ့်လည်း နေ့စဉ်နေ့တိုင်းတော့ စတိုင်းဆိုင်၊ ဈေးကို မသွားလိုကြပါဘူး။

ဒါကြောင့် ဒီလိုမျိုး အချိန်မရှိသူများအတွက် အစားအသောက်များကို လတ်လတ်ဆတ်ဆတ်နဲ့ အချိန်ကြာကြာ သိမ်းဆည်းထားနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

၁။ နွားနို့ကိုခဲထားခြင်း

ခရီးသွားခါနီးကျမှ နွားနို့ကို ဂါလံဘူးလိုက်ဝယ်မိပြီဆိုရင်တော့ မပူပါနဲ့။ အအေးခံသည့်အခါ ထုထုည်မြင့်တက်လာမှာဖြစ်သည့်အတွက် နွားနို့အနည်းငယ်ကို ဖယ်ရှားပစ်လိုက်ပါ။ ရေခဲသေတ္တာထဲထည့်ပြီး နို့ကို ၄ ပတ်မှ ခြောက်ပတ်အထိ အေးခဲထားနိုင်ပါတယ်။

၂။ ကြက်ဥကို ရေခဲခွက်ထဲထည့်၍ အေးခဲခြင်း

တခါတလေမှာ ကြက်ဥတွေကို လတ်ဆတ်နေတုန်းမှာ အသုံးမပြုတတ်မိကြပါဘူး။ ဒါကြောင့် ကြက်ဥတွေကို ဖောက်လိုက်ပြီး ရေခဲခွက်ထဲထည့်ကာ ဆား သို့မဟုတ် သကြား အနည်းငယ်ဖြူးပေးခြင်းကာ အေးခဲထားပါ။ လိုအပ်သည့်အချိန် အသုံးပြုနိုင်ပါတယ်။

၃။ ဆော့စ်ကို ပလတ်စတစ်အိတ်ထဲထည့်သိမ်းခြင်း

ကျန်ရှိနေတဲ့ ဆော့စ်တွေကို ပလတ်စတစ်အိတ်ထဲထည့်ပြီး တစ်နာရီကြာ အအေးခံထားပြီး လိုအပ်သည့်အခါ ထုတ်၍အသုံးပြုနိုင်ပါတယ်။

၄။ ဆလပ်ရွက်ကို မီးဖိုချောင်သုံးစက္ကူနှင့် ထုပ်ပိုးသိမ်းဆည်းခြင်း

မီးဖိုချောင်အတွင်းမှာ အသုံးပြုသည့် စက္ကူဖြင့် ဆလပ်ရွက်များကို ထုပ်ပိုးသိမ်းဆည်းထားပါက တပတ်ကြာသည်အထိ လတ်လတ်ဆတ်ဆတ်ရှိနေမှာပါ။

၅။ ပန်းသီးများ

ပန်းသီးတွေက အခြားအသီးအနှံများထက် အချိန်ကြာကြာ လတ်လတ်ဆတ်ဆတ်ရှိတဲ့အတွက် ရေခဲသေတ္တာထဲတွင် ထည့်သွင်းသိမ်းဆည်းထားနိုင်ပါတယ်။ သို့သော်လည်း သိမ်းဆည်းသည့်အခါ တစ်ခုနှင့်တစ်ခု ထိတွေ့မှုမရှိစေရအောင် သတင်းစာနှင့် ထုပ်ပိုးပေးပါ။

၆။ မုန်လာဥနီများကို သဲထဲထည့်သိမ်းပါ

သဲဟာ ရေဓာတ်အငွေ့ပျံခြင်းကို လျော့နည်းစေပြီး ပုပ်သိုးမှုကို လျော့ကျစေတာကြောင့် ဥယျာဉ်မှူးများက မုန်လာဥနီများကို သဲထဲထည့်သွင်းသိမ်းဆည်းထားခိုင်းကြပါတယ်။

၇။ အရွက်များကို ဖန်ပုလင်းထဲထည့်သိမ်းပါ

ဖန်ပုလင်းတွေထဲတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နံနံပင်တို့ကို ထည့်သွင်းသိမ်းဆည်းမယ်ဆိုပါက တစ်လနီးပါး အရသာမပျက်သလို အရွက်များသည်လည်း မညိုးနွမ်း၊ မခြောက်သွေ့ဘဲ ရနံ့လည်း ပျောက်ရှသွားမည်မဟုတ်ပေ။