ဒီအပတ်မှာတော့ ကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက် မျှဝေမယ့် နည်းလမ်းလေးတစ်ခုကတော့ Tea တစ်ခုပါ။ ခါးပတ်လည်က အဆီတွေကို ကျစေပြီး တစ်ပတ်အတွင်းမှာ ခန္ဓာကိုယ်ပုံသဏ္ဍန် ပြောင်းသွားစေနိုင်မယ့် နည်းပါ။

တစ်ခု သတိထားရမှာကတော့ ပါဝင်ပစ္စည်းတွေနဲ့ မတည့်တာတွေ ရှိတတ်တာကြောင့် Diet Plan လုပ်တော့မယ်ဆိုတိုင်း ကိုယ်ရဲ့ အနီးနားက ဆရာဝန်နဲ့ တိုင်ပင်ပါ။

Green-Tea-Cinnamon-Diet

လုပ်ရမယ့် နည်းနဲ့ ပါဝင်ပစ္စည်းတွေကတော့ အရမ်း လွယ်ကူပါတယ်။ တစ်နေ့ကို ၃ခွက် သောက်ရပါမယ်။ အထိုင်မများ ရပါဘူး။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးရပါမယ်။ အနည်းဆုံးတော့ လမ်း နာရီဝက်လောက် လျှောက်ပေးပါ။

တစ်မှတ်တိုင်စာလောက် လျှောက်ရင်ပဲ အဆင်ပြေလှပါပြီ။ အိမ်သန့်ရှင်းလုပ်တာ၊ လှေကားတက်တာတွေကိုလည်း ပြုလုပ်ပေးလို့ ရပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

– ရေ ၁ လီတာ
– သစ်ကြပိုးခေါက် အရွယ်တော် တစ်ချောင်း
– ကရဝေးရွက် ၅ရွက်

ပြုလုပ်ပုံ

သစ်ကြပိုးခေါက်နဲ့ ကရဝေးရွက် လက်ဖက်ရည်ဟာ လုပ်ရတာ အရမ်းကို လွယ်ကူတဲ့ တစ်မျိုးပါ။ ရေ ၁လီတာကို ဆူအောင် တည်ပြီး သစ်ကြပိုးခေါက်နဲ့ ကရဝေးရွက်တွေကို ထည့်ပါ။
၁၅မိနစ်လောက်ကြာတဲ့ အထိ တည်ထားပါ။ ပြီးရင် မီးဖိုက ချပြီး အအေးခံထားပါ။

အသုံးပြုပုံ

– မနက် အိမ်ယာထ တစ်ခွက် သောက်ပါ။ ပြီးမှ မျက်နှာသစ်တာနဲ့ အခြား လုပ်စရာတွေကို လုပ်ပါ။
– မနက်စာ စားပြီးပြီးချင်းမှာ ဒုတိယ တစ်ခွက်ကို သောက်ရပါမယ်။
– အိပ်ယာ မဝင်ခင် တစ်ခွက်သောက်ပါ။

ဝမ်းဗိုက်က အဆီတွေကို ကျစေမယ့် Detox Water

တစ်ပတ်သောက်ပြီးတဲ့ အခါ သင့်ခါးဟာ အနည်းဆုံး ၈စင်တီမီတာလောက် ကျနေပါပြီ။

ဒီ လက်ဖက်ရည်ဟာ ခါးပတ်လည်က အဆီတွေကို ကျစေပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ သစ်ကြပိုးခေါက်နဲ့ မတည့်သူတွေ သွေးအားနည်းသူတွေ မသောက်သင့်ပါဘူး။

အထူးသတိပြုရန် – ကိုယ်ဝန်ဆောင်တွေနဲ့ ကလေး နို့တိုက်နေသူတွေ လုံး၀ မသောက်သင့်ပါဘူး။ ကလေးတွေကို အဝလွန်နေတယ်ဆိုပြီး မတိုက်သင့်ပါဘူး။ ကိုလက်စထရောနဲ့ ပတ်သက်တဲ့ ရောဂါ ရှိသူ၊ အသည်း ရောဂါ ရှိသူတွေ လုံး၀ မသောက်သင့်ပါဘူး။

အားလုံး အန္တရာယ်ကင်းစွာ လှပနိုင်ကြပါစေ။

Source: keepyourbody