ချိုမြိန်ပြီး အရည်ရွှမ်းတဲ့ အရသာကြောင့် လူတိုင်းလူတိုင်းက စတော်ဘယ်ရီသီးတွေကို စားသုံးရတာ အင်မတန်နှစ်သက်ကြပါတယ်။ အခြားအသီးများလို အတွင်းပိုင်းမှာအစေ့ရှိတာမဟုတ်ဘဲ အပြင်ပိုင်းမှာရှိတာကြောင့် တမူထူးဆန်းပြီး အသက်အရွယ်ပိုင်းခြားမရွေး နှစ်နှစ်ခြိုက်ခြိုက်စားသုံးနေကြတာဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်းနှင့် ဒီအတိုင်းစားသုံးပေးနိုင်သလို ရေခဲမုန့်များ၊ ဂျယ်လီ၊ ယို၊ ဖုတ်ထားသောမုန့်များ၊ ချောကလက်နှင့် အခြားပုံစံမျိုးစုံနှင့်လည်း စားသုံးပေးနိုင်ပါတယ်။ ဗီတာမင်စီ၊ ကေ၊ ဖောလစ်အက်စစ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့အလွန်ကြွယ်ဝပြီး တခွက်လျှင် ၄၉ ကယ်လိုရီသာပါဝင်ကာ သကြားဓာတ်ပါဝင်မှုနည်းပါးလှပါတယ်။

ထိုကဲ့သို့ အကျိုးကျေးဇူးအမျိုးမျိုးနှင့် ကျန်းမာရေးအတွက်အလွန်ကောင်းမွန်တဲ့ စတော်ဘယ်ရီသီးကို စားသုံးပေးခြင်းဖြင့် မည်ကဲ့သို့ကောင်းကျိုးများ ဖြစ်ထွန်းစေနိုင်သလဲသိရအောင် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

၁။ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

စတော်ဘယ်ရီသီးကို မှန်မှန်သုံးစွဲပေးခြင်းက သွေးတိုးရောဂါဖြစ်ပွားမှုမှ ကြိုတင်ဟန့်တားနိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ သွေးများကို မှန်ကန်ကောင်းမွန်စွာလည်ပတ်စေတာကြောင့် ကျန်းမာညီညွတ်သည့် အောက်ဆီဂျင်ပမာဏကို ထိန်းသိမ်းထားနိုင်ပါတယ်။

၂။ နှလုံးသွေးကြောကျဉ်းရောဂါ

ဖိုက်ဘာ၊ Antioxidants နှင့် Phytochemicals များ၊ ဗီတာမင်တို့ အများအပြားပါဝင်တာကြောင့် သွေးအတွင်းရှိ ကိုလက်စထရောပမာဏကို ထိန်းညှိပေးပြီး နှလုံးကြွက်သားများကို အားပေးဖို့ကူညီပေးပါတယ်။

၃။ ကျန်းမာလှပသည့်အသားအရေ

ဗီတာမင်စီပါဝင်တာကြောင့် ရေဒီယိုသတ္တိလှိုင်းများကြောင့် ပျက်စီးသွားသည့် အသားအရေနှင့်ကိုယ်ခန္ဓာကို ပြန်လည်ထိန်းသိမ်းပေးပါတယ်။ အသားအရေရှိ collagen ထုတ်လုပ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးတာကြောင့် အသားအရေကိုတင်းတင်းရင်းရင်းရှိစေပါတယ်။

၄။ ကင်ဆာတိုက်ဖျက်ပေးခြင်း

စတော်ဘယ်ရီသီးကို မှန်မှန်စားသုံးပေးပါက အစာပြွန်၊ ရင်သား၊ အမျိုးသားအင်္ဂါနှင့် အရေပြား စသည့်ကင်ဆာများဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်များ မပေါက်ဖွားစေရန်လည်း အထူးကူညီပေးပါတယ်။

၅။ ကိုယ်ခံအားကောင်းမွန်စေခြင်း

ခန္ဓာကိုယ်အတွင်းရှိ သွေးဖြူဥများ ကောင်းမွန်စွာလည်ပတ်အလုပ်လုပ်ရန်အတွက် ကူညီပေးသောကြောင့် ရောဂါကူးစက်မှုမှ ကာကွယ်ပေးပါတယ်။ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးကာ ကိုယ်ခန္ဓာကိုကျန်းကျန်းမာမာရှိစေပါတယ်။

၆။ အဆစ်ရောင်ရောဂါကိုတိုက်ဖျက်ပေးခြင်း

Antioxidants များအလွန်ကြွယ်ဝတာကြောင့် စတော်ဘယ်ရီသီးများသည် ကိုယ်ခန္ဓာအတွင်းရှိ မကောင်းသောအညစ်အကြေးများနှင့် အဆိပ်အတောက်များကိုဖယ်ရှားပေးနိုင်တာကြောင့် အဆစ်ရောင်ရောဂါဖြစ်ပွားမှုမှ ဟန့်တားပေးပါတယ်။

၇။ မှတ်ဉာဏ်အားတိုးစေခြင်း

မှတ်ဉာဏ်အားကိုတိုးတက်စေရုံသာမက သတိမေ့လျော့ခြင်း၊ အာရုံထွေပြားခြင်း စသည့်အခြေအနေများမှလည်း ကာကွယ်ပေးပါတယ်။

၈။ ဆီးချိုရောဂါ

ဆီးချိုသမားများအတွက် စတော်ဘယ်ရီသီးများမှ အလွန်သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပြီး သွေးချိုပမာဏကိုထိန်းညှိပေးကာ အတက်အကျဖြစ်ခြင်းမှ ရှောင်ရှားနိုင်အောင် ကူညီပေးပါတယ်။

၉။ မျက်လုံးအားကောင်းစေခြင်း

ဗီတာမင်စီအထူးပါဝင်တာကြောင့် မျက်လုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ မျက်လုံးကို ရေဒီယိုသတ္တိလှိုင်းများဝင်ရောက် နှောင့်ယှက်ခြင်းနှင့် ရေတိမ်ကဲ့သို့ရောဂါများဖြစ်ပွားမှုမှ ကာကွယ်ပေးပါတယ်။

၁၀။ ကိုယ်ဝန်ဆောင်သည်များ

ကိုယ်ဝန်ဆောင်နေသူများအတွက် စတော်ဘယ်ရီသီးများကို ထည့်သွင်းစားသုံးပေးဖို့ အထူးလိုအပ်ပါတယ်။ ဗိုက်ထဲမှရင်သွေးငယ်၏ မှတ်ဉာဏ်အားကို ကောင်းမွန်စေပြီး မွေးဖွားနေစဉ်အတွင်း ချွတ်ယွင်းမှုတစုံတရာဖြစ်ပေါ်မလာအောင် တားဆီးပေးပါတယ်။