မွှေးရနံ့သင်းပျံ့ပြီး အရသာအထူးကောင်းမွန်လို့ ဟင်းချက်ရာမှာထည့်သွင်းအသုံးပြုသည့် ဖာလာစေ့ဟာ လူသိများလှသော်လည်း သူ့ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုတော့ လူသိနည်းလှပါတယ်။

ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ ဆာလဖာ၊ မဂ္ဂနီဆီယမ်၊ သံဓာတ် စတာတွေ အမြောက်အမြားပါဝင်တဲ့ ဖာလာစေ့ဟာ သင့်ကိုကောင်းကျိုးအမျိုးမျိုးပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့် ဖာလာစေ့က သင့်ကိုဘယ်လိုအကျိုးကျေးဇူးတွေပေးစွမ်းနိုင်သလဲဆိုတာကို သိရှိနိုင်စေဖို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ အစာခြေဖျက်အားကောင်းစေခြင်း

ဖာလာစေ့သည် လေနှင့်ဖောရောင်ခြင်းတို့ကို လျော့ကျစေပြီး သည်းခြေစီးဆင်းမှုကို တိုးမြှင့်ပေးလို့ အဆီနှင့်အခြားအာဟာရဓာတ်တို့ကို ခြေဖျက်ဖို့မြှင့်တင်ပေးပါတယ်။ ရေနွေးကြမ်းအနေနဲ့လည်း သောက်သုံးပေးနိုင်ပါတယ်။

၂။ ခံတွင်းနံ့ဆိုးကိုဖယ်ရှားပေးခြင်း

ခံတွင်းနံ့ဆိုးရတဲ့အကြောင်းရင်းနဲ့ ဖြေရှင်းနိုင်မယ့် သဘာဝနည်းလမ်း

Antibacterial အစွမ်းသတ္တိတွေပါဝင်လို့ ခံတွင်းနံ့ဆိုးကိုဖြစ်စေတဲ့ ပိုးမွှားများကိုအလွယ်တကူ တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဖာလောစေ့ရဲ့အဆီက ခံတွင်းနံ့ဆိုးနှင့် အခြားကူးစက်မှုတွေကို ဖြစ်စေသည့် ဘတ်တီးရီးယားများကို သေစေနိုင်ပါတယ်။ ဒါကြောင့် အစာစားပြီးတိုင်း သို့မဟုတ် ခံတွင်းနံ့ရှင်းလင်းစေလိုသည့်အခါတိုင်း ဖာလာစေ့အနည်းငယ်ကိုဝါးစားပေးနိုင်ပါတယ်။

၃။ အစာစားချင်စိတ်ကိုဖြစ်ပေါ်စေခြင်း

Woman eating

ဖာလာစေ့က အစာခြေဖျက်မှုကို အကူအညီပေးသည့်အတွက် အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အစာစားချင်စိတ်နည်းပါးနေပါက ဖာလာစေ့အမှုန့်အနည်းငယ်ကို စွပ်ပြုတ်ထဲထည့်သောက်နိုင်သလို အစေ့ကိုလည်းဝါးစားလို့ရပါတယ်။

၄။ ခန္ဓာကိုယ်ကိုအဆိပ်အတောက်ဖယ်ရှားပေးခြင်း

Antioxidant အများအပြားပါဝင်တဲ့ ဖာလာစေ့ဟာ ခန္ဓာကိုယ်ကိုလည်း အဆိပ်အတောက်ဖယ်ရှားပေးနိုင်ပါတယ်။ အဆိပ်အတောက်ကင်းရှင်းတဲ့ ခန္ဓာကိုယ်ဟာ စွမ်းအင်အပြည့်နှင့် ပိုမိုကောင်းမွန်တဲ့ကိုယ်ခံအား၊ ဇီဝဖြစ်စဉ်တို့အတွက် လမ်းဖွင့်ပေးပါတယ်။ ဒါကြောင့် နေ့စဉ် ဖာလာစေ့လက်ဖက်ရည်ကြမ်းတစ်ခွက်ကို သောက်သုံးပေးပါ။

၅။ ကျောက်ကပ်ကျန်းမာရေးကို တိုးမြှင့်ပေးခြင်း

ဖာလာစေ့တွေဟာ ဆီးရွှင်စေပြီး သွေးပေါင်ချိန်ကိုလျော့နည်းစေရုံသာမက ကျောက်ကပ်အတွင်းရှိ ကယ်လ်စီယမ်နှင့် urea တို့ကို ဖယ်ရှားပေးပါတယ်။ ဖာလာစေ့ကို မှန်မှန်သုံးစွဲပေးမယ်ဆိုရင် ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးသွားစဉ်နာကျင်ခြင်း၊ ဆီးမကြာခဏသွားခြင်း စတဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။