အသက် ၂၅ ကျော်တာနဲ့ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးနိုင်မယ့် အရာတွေကို စလုပ်ကြပါတယ်။ အခြားအရာတွေနဲ့လည်း ကြိုတင်ကာကွယ်လို့ ရသလို၊ အစားအသောက်နဲ့လည်း ကြိုတင်ကာကွယ်ပေးလို့ရပါတယ်။ ဒါ့အပြင် အသက်ကြီးတဲ့သူတွေဆိုလည်း အရွယ်တင်နုပျိုစေဖို့ အစားအသောက်တွေကို ရွေးချယ်စားသုံးတတ်ဖို့ လိုပါတယ်။

ဒါကြောင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ငါး

အိုမီဂါ ၃ ပါဝင်တဲ့ငါးနဲ့ အဆီဓာတ်ပါဝင်တဲ့ငါးတွေက ခန္ဓာကိုယ်ကျန်းမာစေပြီး အသားအရေကို ကြည်လင်လှပစေဖို့အတွက် အကူအညီပေးပါတယ်။

အစေ့အဆံများ

အစေ့အဆံတွေမှာက အမျှင်ဓာတ်တွေပါဝင်လို့ အိုမင်းရင့်ရော်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် စားသုံးသင့်တဲ့အရာထဲမှာ ထိပ်ဆုံးကပါပါတယ်။

ဗီတာမင်စီကြွယ်ဝတဲ့အသီးများ

ဗီတာမင်စီကြွယ်ဝတဲ့အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီး၊ Grapefruits သီးနဲ့ အခြားအရည်ရွှမ်းတဲ့အသီးတွေကိုလည်း စားသုံးပေးပါ။ ဒီအသီးတွေက အသားအရည်လှပစေပြီး အရွယ်တင်နုပျိုစေပါတယ်။

စပျစ်သီး

စပျစ်သီးကတော့ အိုမင်းရင့်ရော်ခြင်းတွေကို ကာကွယ်ပေးတဲ့အသီးလို့ ပြောလို့ရပါတယ်။

အခွံမာသီးနဲ့ အစေ့များ

အခွံမာသီးနဲ့ အစေ့တွေကလည်း အိုမင်းရင့်ရော်ခြင်းတွေကိုကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေတဲ့ အစားအစာတွေပါ။

ထောပတ်သီး

ထောပတ်သီးကတော့ ကျန်းမာရေးကိုကောင်းမွန်စေပြီး အဆီကျလှပစေပါတယ်။ ဒါ့အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးနိုင်လို့ ဒီတိုင်းတောင် စားပေးသင့်ပါတယ်။

အစိမ်းရောင်အသီးအရွက်များ

အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေထဲမှာမှ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်နဲ့ မုန်ညင်းရွက်တွေက အိုမင်းရင့်ရော်ခြင်းတွေကို ကာကွယ်ပေးပြီး အရွယ်တင်နုပျိုကာ အသားအရေကိုလည်း တင်းရင်းလှပစေပါတယ်။

Photo Source: www.womensok.com