အခါးအရသာနဲ့ ကြက်ဟင်းခါးသီးကို အစားအစာတစ်ခုအနေနဲ့သာမဟုတ်ဘဲ ဆေးတစ်ခွက်အနေနဲ့ပါ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။ ကြက်ဟင်းခါးသီးတွင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိုတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖော့စ်ဖောရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဖော့လစ်တို့နှင့် ဗီတာမင်မျိုးစုံပေါင်းစပ်ပါဝင်ပါတယ်။

ကြက်ဟင်းခါးသီးကို သူ့ရဲ့အခါးအရသာကြောင့် ဟင်းချက်တဲ့အခါမှာ အမျိုးမျိုးချက်ပြုတ်စားသုံးကြပါတယ်။ ဒါ့အပြင် အသီး၊ အရွက်၊ ရိုးတံ တို့ကိုလည်း လက်ဖက်ရည်ကြမ်းလုပ်ပြီး သောက်သုံးနိုင်ပါသေးတယ်။

ကြက်ဟင်းခါးသီးဖျော်ရည် ပြင်ဆင်ပုံအဆင့်ဆင့်

၁။ အလယ်အလတ်အရွယ်အစားရှိတဲ့ ကြက်ဟင်းခါးသီး တစ်လုံး သို့မဟုတ် နှစ်လုံးကို ရေဆေးပေးပါ။

၂။ အလယ်ကနေဓားနဲ့ထက်ခြမ်းခွဲပြီး အစေ့တွေနဲ့ အသားကို ဇွန်းနဲ့ကော်ထုတ်ပါ။

၃။ ပြီးရင် ကြက်ဟင်းခါးသီးကို အနေတော်အရွယ်အစားလေးတွေလှီးပေးပါ။

၄။ လှီးပြီးသား ကြက်ဟင်းခါးသီးတွေကို ရေထဲတွင် မိနစ် ၂၀ မှ ၃၀ ခန့်စိမ်ပေးပါ။

၅။ အချိန်ပြည့်သွားလျှင် ကြက်ဟင်းခါးသီးတွေကို စိမ်ထားသည့်ရေနှင့်အတူကြိတ်ပေးပါ။

၆။ အဖတ်တွေကိုဖယ်ထုတ်ပြီး အရည်ကိုစစ်ပစ်ပါ။

၇။ အရသာအတွက် ပျားရည်၊ ငရုပ်ကောင်းမှုန့်၊ သံပယိုရည် သို့မဟုတ် ဂျင်းရည်ကိုပေါင်းထည့်ပေးပါ။

ကြက်ဟင်းခါးသီးဖျော်ရည်ရဲ့အကျိုးကျေးဇူးများ

၁။ ဆီးချိုထိန်းပေးခြင်း

ကြက်ဟင်းခါးသီးသည် သွေးအတွင်းရှိဂလူးကို့စ်လျှော့ချပေးတဲ့ သက်ရောက်မှုရှိတာကြောင့် ဆီးချိုကိုထိန်းချုပ်ပေးနိုင်ကာ အဆင့် ၁ နှင့် အဆင့် ၂ ရှိဆီးချိုအတွက် အလွန်အကျိုးရှိပါတယ်။ မနက်တိုင်း ကြက်ဟင်းခါးသီးဖျော်ရည်တစ်ခွက်ကို အစာမစားခင်သောက်သုံးပေးပါ။

၂။ သွေးကိုသန့်စင်ပေးခြင်း

သွေးမသန့်ခြင်းကြောင့် မကြာခဏခေါင်းကိုက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်ခံအားနည်းခြင်းတို့လို ရောဂါလက္ခဏာတွေကိုဖြစ်လာစေနိုင်ပါတယ်။ ကြက်ဟင်းခါးသီးဖျော်ရည်တစ်ခွက်ထဲကို သံပယိုရည်၊ ပျားရည်အနည်းငယ်ထည့်ကာ ခြောက်လကြာသည်အထိ အစာမစားခင် နေ့စဉ်မှန်မှန်သောက်သုံးပေးပါ။

၃။ အသည်းကျန်းမာရေးကိုထောက်ပံ့ပေးခြင်း

အသည်းရဲ့စစ်ထုတ်နိုင်မှုစွမ်းအားကို အားဖြည့်ပေးတာကြောင့် သွေးကိုသန့်စင်ပေးခြင်း၊ အသည်းအတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးရာတို့တွင် အလွန်အထောက်အပံ့ဖြစ်စေပါတယ်။ အသည်းမှန်မှန်အလုပ်လုပ်သည့်အခါ အဝလွန်ခြင်း၊ ပင်ပန်းမူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာမကြေခြင်း စတဲ့ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီးတစ်ခွက်ကို အနည်းဆုံးတော့ တစ်နေ့တစ်ကြိမ်မှန်မှန်သောက်သုံးပေးပါ။

၄။ ကိုလက်စထရောလျှော့ချပေးခြင်း

နှလုံးဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေနိုင်သော ခန္ဓာကိုယ်အတွင်းရှိ မကောင်းသောကိုလက်စထရောများကို ဖယ်ရှားပေးကာ ကောင်းသည့်ကိုလက်စထရောများကို ပေါက်ဖွားစေပါတယ်။ ဒါကြောင့် ကြက်ဟင်းခါးသီးကို စားသုံးပေးသည့်အကျင့်ကို မွေးမြူပေးပါ။

၅။ ကိုယ်ခံအားမြှင့်တင်ပေးခြင်း

ကြက်ဟင်းခါးသီးကို မှန်မှန်စားသုံးပေးခြင်းက ကိုယ်ခံအားကို ကောင်းမွန်စေကာ ရောဂါများကိုတိုက်ထုတ်နိုင်တဲ့ ခန္ဓာကိုယ်စွမ်းရည်ကို တိုးတက်စေပါတယ်။

၆။ ကင်ဆာကာကွယ်ပေးခြင်း

သကြားဓာတ်က ကင်ဆာဆဲလ်တွေကို ကြီးထွားစေနိုင်

ကြက်ဟင်းခါးသီးတွင်ပါဝင်တဲ့ antioxidants တွေက ကင်ဆာရောဂါအမျိုးမျိုးကိုဖြစ်စေနိုင်တဲ့ ရေဒီယိုသတ္တိလှိုင်းတွေကို တိုက်ထုတ်ရာတွင် ကူညီပေးပါတယ်။

၇။ ဝိတ်ကျရန်ကူညီပေးခြင်း

ပျော်ဝင်နိုင်သည့်ဖိုက်ဘာမြင့်မားပြီး ကယ်လိုရီပါဝင်မှုနည်းပါးလို့ ခန္ဓာကိုယ်အတွင်း အဆီစုဝေးမှုနည်းပါးမှာဖြစ်ပါတယ်။