ရွှေမြန်မာတို့အကြိုက် ကြက်ဟင်းခါးသီးဟာ ရင်သားကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့ သုတေသနပြုချက်အသစ်က ထုတ်ဖော်လိုက်ပါတယ်။

အဲဒီသုတေသနပြုချက်ကို Cancer Research ဂျာနယ်က ထုတ်ပြန်လိုက်တာပါ။ အခုရလဒ်က သိပ်ကိုအားတက်စရာကောင်းတယ်လို့ စိန့်လုစ်ဝစ် တက္ကသိုလ်က ရောဂါဗေဒဆိုင်ရာ ပါမေက္ခဖြစ်သူ Dr. Ratna Ray ကပြောပါတယ်။ အဲဒီသုတေသနပြုချက်ကို သူကိုယ်တိုင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာကင်ဆာဆဲလ်တွေ ရှင်သန်ကြီးထွားမှုကို ထိန်းချုပ်နိုင်ဖို့ အထူးလေ့လာနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

အခု ကြက်ဟင်းခါးသီးဟာ ကင်ဆာဆဲလ်ရှင်သန်ကြီးထွားမှုနဲ့ ကင်ဆာဆဲလ်ပျံ့နှံ့မှုကို ရပ်တန့်စေနိုင်ပြီး ကင်ဆာဆဲလ်တွေကို ၈၀ % ထိသေစေနိုင် ပါတယ်။

bitter-melon

အပူပိုင်းဒေသတွေမှာ အဓိကတွေ့ရလေ့ရှိတဲ့ ကြက်ဟင်းခါးသီးဟာ အရသာခါးခါးပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးထူးတာကြောင့် လူတွေ စားသုံးကြတဲ့အသီးပါ။

ကြက်ဟင်းခါးသီးဟာ HER2 ဆိုတဲ့ ရင်သား ကင်ဆာ ၊ ဆဲလ်ပေါ်မှာ တွေ့ရတဲ့အထူးပရိုတင်းတစ်မျိုး ကြီးထွားမှုကို ထိန်းထားနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ Dr.Ray ဟာ စမ်းသတ်မှုတွေအများကြီးလုပ်ဆောင်ဖို့ ဆက်ရှိနေပြီးတော့ ရလဒ်ကောင်းတွေပိုပြီးရလာခဲ့ရင် လူသားတွေအတွက် ပိုပြီးအကျိုးရှိလာမယ်လို့ ယုံကြည်နေပါတယ်။

တစ်ချို့သောနိုင်ငံတွေမှာ ကြက်ဟင်းခါးသီးကို ရှားပါးသီးနှံအဖြစ်ဝယ်စားနေရချိန် မြန်မာတို့ကတော့ ခြံထွက်ကြက်ဟင်းခါးသီးကို အလွယ်တကူ ခူးစားနိုင်သလို ဈေးတွေမှာလည်း ဈေးနှုန်းချိုချိုနဲ့ ဝယ်စားနိုင်ပါတယ်နော်။

စာဖတ်သူတို့အတွက်လည်း သတင်းကောင်းတစ်ခုလို့ ယုံကြည်ပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုပြီးထိရောက်တာကြောင့် ကြက်ဟင်းခါးသီး စားပေးပြီး ရင်သားကင်ဆာကို ကာကွယ်ကြရအောင်။

Featured Image Source: Healthline