လေ့လာတွေ့ရှိသူတွေရဲ့ တွေ့ရှိချက်တစ်ခုအရ ကင်ဆာ၊ အဆစ်ရောင်ရောဂါ၊ ဆီးချိုနဲ့ စိတ်ကျဝေဒနာတွေ အတွက် နနွင်းဟာ အကောင်းဆုံး ဆေးတစ်မျိုးဖြစ်ကြောင်း ဖော်ပြထားပါတယ်။ လေ့လာတွေ့ရှိချက်မှာ နနွင်းကို နေ့စဉ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစားပေးပါက တစ်ပတ်စာ မိနစ်၆၀ လေ့ကျင့်ခန်း လုပ်ခြင်းနဲ့ ညီမျှတဲ့ ကောင်းကျိုးကို ပေးနိုင်ပြီး နှလုံးရုတ်တရက်ဖောက်ပြန်ခြင်းကို လျှော့ချပေးနိုင်ပါကြောင်း ဖော်ပြထားပါတယ်။
တစ်ပတ်အတွင် ၂-၃ကြိမ် လေ့ကျင့်ခန်း လုပ်သူတွေနဲ့ နနွင်း သောက်သူတွေ အဖွဲ့ကို စောင့်ကြည့်ပြီး လေ့လာ ထားတဲ့ တွေ့ရှိချက် ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့ အခါမှာ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်ခြင်း၊ အဆီကျခြင်း၊ ဆီးချိုကို ထိန်းပေးထားနိုင်ခြင်း၊ အမောခံနိုင်ခြင်း၊ အသားအရေကြည်လင်လာခြင်းတွေကို ဖြစ်လာစေပြီး နေ့စဉ် နနွင်းသောက်သူတွေကလည်း ထပ်တူ အကျိုးကျေးဇူးတွေ ရတယ်လို့ ဆိုပါတယ်။
နနွင်းဖျော်ရည် ပြုလုပ်ပုံကတော့ လွယ်ပါတယ်။ နနွင်းလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ဖန်ခွက်ထဲ ထည့်ပါ။ ရေနဲ့ဖျော်ပြီး သောက်ရုံပါပဲ။ ပိုပြီး အနံ့ကင်းစေပြီး သောက်လို့လည်း ကောင်းစေ ချင်ရင်တော့ အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ အနည်းငယ် ထည့်သောက်ပေးပါ။
သတိပြုရမှာက နနွင်းသောက်ခြင်းဟာ လေ့ကျင့်ခန်း လုပ်စရာ မလိုဘူးလို့ ပြောတာ မဟုတ်ပါဘူး။ လေ့ကျင့်ခန်း ၁နာရီစာ လုပ်တာနဲ့ ညီမျှတယ်လို့ ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ လူတိုင်းကတော့ နေ့စဉ် မိနစ် ၃၀လောက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းဟာ စိတ်ရော ကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။
Ref: dailyhealth