အာလူးကတော့ အရသာလည်းရှိလို့ မြန်မာတို့ အမျိုးမျိုးချက်စားကြပါတယ်။ အိမ်မှာစားဖို့အတွက် အာလူးကိုဝယ်ရင် အလှအပအတွက်လည်း တစ်လုံးလောက်ကို အသုံးပြုလိုက်ရင် ဘယ်လိုလဲရှင့်။
စားလည်းစားလို့ရတယ် လှလည်းလှသွားမယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။
၁။ အာလူး နဲ့ သံပုယိုသီး
Source: DIY Health Remedy
အာလူး ၁ လုံး
သံပုယိုသီး တစ်ဝက်
ပြင်ဆင်ခြင်း
အာလူးကို Blender (ဖျော်စက်) နဲ့ဖျော်ပြီး သံပုယိုသီးညှစ်ထည့်ပါ။ ပြီးရင် သေချာမွှေပေးပါ။ ရောထားတဲ့ဟာကို မျက်နှာပေါ်မှာ ညင်သာစွာ ပွတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပါ။ အမဲစက်တွေ နေလောက်ကွက်တွေကို သက်သာပျောက်ကင်းစေပါတယ်။
၂။ အာလူးနဲ့ သခွားသီး
ပါဝင်ပစ္စည်း
အာလူး ၁ လုံး
သခွားသီး တစ်ခြမ်း
ပြင်ဆင်ခြင်း
အာလူးနဲ့သခွားသီးကို ဖျော်စက်ထဲထည့်ပြီး မွှေပေးပါ။ ပြီးရင် မျက်နှာပေါ်မှာ ညင်သာစွာပွတ်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေဆေးချပါ။ မျက်နှာအဆီပြန်တာတွေ အစက်အပျောက်တွေကို သက်သာစေပါတယ်။
Source: healthylifecenter.net