အခုခေတ် မြို့ပြနေထိုင်သူ အများစုဟာ မိုက်ခရိုဝေ့ခ်ကို အသုံးပြုလာကြပါပြီ။ ဒါကြောင့် သတိထားသင့်တဲ့ အချက်တွေကို ပြန်လည် မျှဝေလိုက်ရပါတယ်။

မိုက်ခရိုဝေ့ခ် မီးဖိုအားလုံးလိုလိုဟာ ဓာတ်ရောင်ခြည် စိမ့်ထွက်ခြင်းနဲ့ ရေဒီယိုသတ္တိကြွခြင်းတို့ ဖြစ်တတ်ပါတယ်။ ဓာတ်ရောင်ခြည် စိမ့်ထွက်ခြင်းကို ကာကွယ်ရန် အကောင်းဆုံး နည်းကတော့ မီးဖိုတံခါးကို လုံခြုံအောင် ပိတ်ထားခြင်းပဲ ဖြစ်ပါတယ်။

မိုက်ခရိုဝေ့ခ်ရဲ့ အပူရှိန်ဖြင့် အစားအစာတွေကို ကျက်စေခြင်းကြောင့် မိုက်ခရိုဝေ့ခ်က အစားအစာရဲ့ မျက်နှာပြင်ပေါ် ထိတွေ့တာနဲ့ အတွင်းဘက်ကို 5cm (3 in)အထိ အပူ ဝင်နိုင်ပါတယ်။ အစာအဆိပ်သင့်စေတဲ့ ဘတ်တီးရီးယားတွေကို သေဖို့ အတွက် အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ် လိုအပ်ပါတယ်။

microwave_tips1

ဆောင်ရန် အချက်များ

  • ချက်ပြုတ်စရာများ ထည့်ထားစဉ် အတွင်း မိုက်ခရိုဝေ့ခ် ပေါင်းဖို အသစ်က ထိခိုက်ပျက်စီးနေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
  • မိုက်ခရိုဝေ့ခ် မီးဖိုအား လက်တစ်ကမ်း အကွာတွင် ထားပါ။
  • အစားစာ ကျက်ဖို့ အတွက် လိုအပ်တဲ့ အပူချိန်ကို သိရှိစေဖို့ သာမိုမီတာကို သုံးပါ။
  • မီးဖိုဝင်ပေါက်အား သန့်ရှင်းအောင် ထားပါ။

microwave_tips

ရှောင်ရန် အချက်များ

  • မိုက်ခရိုဝေ့ခ် မီးဖိုတံခါး ကောင်းစွာ မပိတ်နိုင်ဘဲ ချက်ပြုတ်ခြင်း မပြုသင့်ပါ။
  • အစားအသောက် ချက်ပြုတ်နေစဉ်အတွင်း တံခါးကို လုံး၀ မဖွင့်ရပါ။
  • မီးဖိုအား အလေးချိန် မရှိဘဲ မချက်ပြုတ်ရပါ။
  • မိုက်ခရိုဝေ့ခ် မီးဖို အတွင်း မည်သည့် သတ္တုပစ္စည်းမှ မထားရှိရပါ။
  • မိုက်ခရိုဝေ့ခ် မီးဖိုဖြင့် ကြက်ဥ၊ ဘဲဥ မပြုတ်ရပါ။

ကိုးကား – အစားအသောက်အတွင်း ပုန်းကွယ်နေသော အန္တရာယ်များ

Credit: NaturalON