မျိုးစေ့တွေကနေ အပင်လေးတွေ စိုက်ကြတဲ့အခါ အညှောင့်လေးတွေ ထွက်လာရင် ကြည့်နေရင်းကို ပီတိ ဖြစ်ရတဲ့ အခိုက်အတန့်လေးတွေ ရှိပါတယ်။

ဒီလိုပါပဲ အချို့ အသီးအနှံတွေရဲ့ စွန့်ပစ်လိုက်တဲ့ အပိုင်းတွေကနေ အပင်လေးတွေအဖြစ် ပြန်ပြီး ရှင်သန်လာတဲ့အခါမှာလည်း အလားတူ ပျော်ရွှင်မှုမျိုးကို ရနိုင်ပါတယ်။ ဘယ်လိုအပင်တွေက ပြန်ပြီး ရှင်သန်လာနိုင်ပါသလဲ။

၁။ ကြက်သွန်မြိတ်

scallion

ကြက်သွန်မြိတ်တွေကို သုံးတဲ့ အခါ အမြစ်နေရာတွေမှာ သဲတွေ ရွံ့တွေ ရှိနေတတ်လို့ ဖြတ်ပစ်တတ်ကြသလို အချို့ကလည်း ရေဆေးပြီး စားကြပါတယ်။ အပင်လေး အဖြစ် ပြန်ပြီး မြင်ချင်တယ်ဆိုရင်တော့ အဲ့ဒီအမြစ်ကို ဖြတ်ပြီး ရေခွက်ထဲမှာ ထည့်ထားလိုက်ပါ။ တစ်ပတ်ကြာတဲ့အခါ အညှောင့်အသစ်လေးတွေ ထွက်လာပါလိမ့်မယ်။

၂။ ကြက်သွန်ဖြူမြိတ်

scallion

ကြက်သွန်ဖြူအတက်လေးတွေမှာ အညှောင့်လေးတွေ ထွက်နေတာ မြင်ဖူးကြမှာပါ။ ဒါလေးကို ရေခွက်လေးထဲ ထည့်ထားပြီး တစ်ပတ်ကြာတဲ့ အခါ အပင်အညှောင့်လေးတွေ ရှင်သန်လာတာ မြင်ရပါလိမ့်မယ်။

၃။ မုန်ညှင်းထုပ်

lettuce

မုန်ညှင်းထုပ်ရဲ့ အမြီးပိုင်းကို ဖြတ်ပြီး ရေထဲ ထည့်ထားပါ။ အညှောင့်လေးတွေ ပြန်ထွက်လာပါလိမ့်မယ်။ နေရောင်ရတဲ့ နေရာမှာတော့ ထားပေးပါ။

၎။ မုန်လာဥနီ

carrot

မုန်လာဥနီ အမြစ်ပိုင်းလေးတွေကို ဖြတ်ပြီး ရေထဲမှာ ထည့်ထားရင်တော့ အပင်လေးတွေ အသစ်ပြန်ထွက်လာပါလိမ့်မယ်။ အခန်းထဲမှာ စိမ်းစိမ်းစိုစိုလေးနဲ့ အလှဆင်ချင်ရင်တော့ မုန်လာဥနီလေးက ချစ်စရာပါ။

၅။ ဇီယာရွက်

basil

ဇီယာရွက်ရဲ့ ကိုင်းရင့်ရင့်လေးတွေကို ဒီလို ရေထဲမှာ ပြန်ထည့်ရင် အမြစ်လေးတွေ ပြန်ထွက်လာပါလိမ့်မယ်။

၆။ စပါးလင်

Lemongrass

စပါးလင်လေးကိုလည်း အမြစ်ပိုင်းကို ရေထဲမှာ ထောင်ပြီး ၃ပတ်လောက်ထားရင် အမြစ်အသစ်တွေ ထွက်လာပြီး ပြန်ကြီးထွားလာပါလိမ့်မယ်။

၇။ ကြက်သွန်နီ

Onions

ကြက်သွန်နီကတော့ အမြစ်ပါတဲ့ ခေါင်းပိုင်းကို ဖြတ်ပြီး မြေအနည်းငယ်ထဲမှာ ချထားရင် အမြစ်တွယ်ပြီး အပင်လေး ဖြစ်လာပါလိမ့်မယ်။ ကြက်သွန်မြိတ်ကို လတ်လတ်ဆတ်ဆတ် စားလို့ အဆင်ပြေတာပေါ့နော်။

၈။ မုန်ညှင်း

bok

အမြစ်ဆုံ ပါတဲ့ ဘယ်အပင်မဆို ပြန်ပြီး ရှင်သန်အောင် လုပ်လို့ ရပါတယ်။ မုန်ညှင်းထုပ်၊ ကော်ဖီထုပ် အစရှိတဲ့ အပင်တွေရဲ့ အမြစ်တွေကို အခုလို ပြန်ပြီ ရေထဲကို ထည့်ထားခြင်းဖြင့် အပင်အညှောင့်အသစ်လေးတွေ ထွက်လာမှာပါ။

၉။ ထောပတ်သီး

avocado

ထောပတ်သီး အစေ့ကို သွားကြားထိုးတံနဲ့ ထိုးပြီး ရေထဲ ထည့်ထားရင် အမြစ်အညှောင့်လေးတွေ ထွက်လာပါလိမ့်မယ်။ ပြီးရင်တော့ မြေကြီးပေါ် ပြောင်းစိုက်ပါ။ ရာသီဥတုပေါ် မူတည်ပြီး အသီး သီးပါလိမ့်မယ်။

၁၀။ ကန်စွန်းဥ

sweet-potato

ကန်စွန်းဥ ရတဲ့ ကန်စွန်းပင်ကို စိုက်ချင်ရင်တော့ ကန်စွန်းဥကို အခုလိုမျိုး ရေမှာ ထည့်ပြီး အပင်ထွက်လာအောင် လုပ်လို့ ရပါတယ်။ အခန်းလေးတွေထဲမှာ အလှလည်း စိုက်ကြပါတယ်။ နွယ်ပင်မျိုးမို့ နွယ်တက်ပုံလေးက လှပါတယ်။

၁၁။ နာနတ်ပင်

pineapple

နာနတ်သီးရဲ့ ဖြတ်ထုတ်လိုက်တဲ့ အပိုင်းကို ရေမှာ ပြန်စိမ်ပြီး အမြစ်အသစ်လေးတွေ ပြန်ထွက်လာအောင် လုပ်လို့ ရပါတယ်။