မင်္ဂလာပါနော်။ ဒီတခါမှာတော့ စာရေးသူ ပင်လယ်စာသွားစားဖြစ်ခဲ့တဲ့ Novotel ၅ လွှာက The Square Restaurant အကြောင်းကို review လေး ရေးပေးသွားပါမယ်။

သဘောကျမိတဲ့ ဆိုင်အပြင်အဆင်

18
IMG_0924

အရင်ဆုံး ဆိုင်ရဲ့ နေရာ အပြင်အဆင်လေးကို သဘာကျမိတဲ့အကြောင်းပြောချင်ပါတယ်။ ဆိုင်အ၀င်ဝမှာ ဧည့်ကြိုဝန်ထမ်းလေးတွေရဲ့ ဖော်ဖော်ရွေရွေနှုတ်ဆက်မှုနဲ့ ဆိုင်ရဲ့ အပြင်အဆင်လေးက အေးအေးချမ်းချမ်းရှိတယ်။ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ကိုယ့်ရဲ့ ချစ်သူနဲ့လည်း အေးအေးဆေးဆေး ဒိတ်လို့ရတဲ့နေရာလေးတစ်ခုပါ။ ပင်လယ်စာ အမုန်းစွဲချင်တဲ့သူတွေအတွက်လည်း အဆင်ပြေတယ်လို့ ပြောချင်ပါတယ်နော်။

10

တချို့ဆိုင်တွေမှာ ကျောက်ပုစွန်၊ ကင်းပုစွန်တွေ၊ ပင်လယ်ဂဏန်းကြီးတွေ ဈေးကြီးကြီးပေးစားရတဲ့အချိန်မှာ ဒီဆိုင်လေးမှာတော့ ဒေါ်လာ ၃၀ ကျော်နဲ့ အမုန်းဆွဲရမှာဖြစ်ပါတယ်။ သောက်စရာ ၀ိုင်က free flow ဆိုတော့ အဆင်ပြေတာပေါ့ရှင်။

စားချင်စရာ ပင်လယ်စာ

13

စာရေးသူသွားစားတဲ့နေ့က ပင်လယ်စာ ဘူဖေးနေ့ဆိုတော့ ပင်လယ်စာအမျိုးမျိုးကို အမုန်းဆွဲခဲ့တယ်ပေါ့ရှင်။ ရတဲ့ ပင်လယ်စာတွေကတော့ ဆဲလ်မွန်ငါး အကောင်လုံးပေါင်း၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ဂုံးအမျိုးမျိုး၊ ဂဏန်းအမျိုးမျိုး၊ ကျောက်ပုဇွန်၊ ကင်းပုဇွန်း တွေ အိုး…အစုံပါပဲ။

3
16
15
IMG_0957

ထပ်ကုန်သွားရင်လည်း ထပ်ထပ်ယူလို့ရသေးတယ်နော်။ ကိုယ့်ပန်းကန်ကကုန်သွားလို့ နောက်ထပ် အစားတွေ ထပ်ယူရင်လည်း ပိုက်ဆံပိုကုန်မှာ စိုးရိမ်စရာမလိုဘူးလေ။ အခုလို စားရင်း သောက်ရင်းနဲ့လည်း ဂီတသံ ညိမ့်ညိမ့်လေးကို နားဆင်လို့ရပါသေးတယ်။

7

စာရေးသူကတော့ အစားတွေတဝကြီးစားပြီး အချိုမတည်းခင်မှာ ရင်ချောင်စေဖို့ ပေါ့ပေါ့ပါးပါး ကြာဇံသုပ်၊ အသုပ်စုံ ကိုလည်း စားခဲ့ပါသေးတယ်။

12

ပင်လယ်စာဘူဖေးဆိုလို့ ပင်လယ်စာပဲရှိတာမဟုတ်ပါဘူး။ တခြား အစားအစာတွေ၊ အကင်တွေလည်း ရသေးတယ်နော်။

အချိုတည်းကြမယ်

5

အချိုတည်းဖို့ဆိုရင်တော့ ရွေးချယ်စရာအများကြီးပါပဲ။ အရမ်းအီတာမစားချင်ဘူး။ ပေါ့ပေါ့ပါးပါး အသီးပဲစားချင်တယ်ဆိုရင်လည်းရပါတယ်။

11
1
2

ချော့ကလက်တို့၊ တခြားမုန့်အချိုတွေကိုလည်း စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ စာရေးသူက ထူးထူးခြားခြား ပေါင်မုန့်ကို အရမ်းကြိုက်မိပါတယ်။

8

ပေါင်မုန့်ဖုတ်ထားတာက ကျွတ်ကျွတ်လေးရှိပြီး ၀ါးရတာအဆင်ပြေတယ်၊ ပြီးတော့ အရမ်းကြီး ပြည့်သွားတယ်လို့မခံစားရဘူး။ အဲဒါတွေအပြင် ရေခဲမုန့်ကိုပါ တွဲစားခဲ့ပါသေးတယ်။

Thai Food Festival

9

The Square Restaurant မှာ Thai Food Festival ပွဲတော်ကို စက်တင်ဘာလ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ကျင်းပခဲ့ပါသေးတယ်။ အဲဒီပွဲတော်မှာ စုံလင်လှတဲ့ ထိုင်းအစားအစာတွေနဲ့ တည့်ခင်းဧည့်ခံခဲ့တာပါ။ The Square Restaurant မှာ နောက်ပိုင်း တခြားအစားအစာပွဲတော်တွေကိုလည်း ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

သောကြာနေ့တိုင်း Sea Food Night နော်

6

ဒီဆိုင်လေးမှာတော့ သောကြာနေ့တိုင်း ပင်လယ်စာရပြီး တခြားနေ့တွေမှာလည်း နေ့တွေအလိုက် အထူးပြု ဟင်းလျာတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဟင်းပွဲ ၁ မျိုး၊ ၂ မျိုးလောက်ပဲစားချင်တဲ့သူတွေအတွက်လည်း a’ la carte menu ရှိလို့ ဘူဖေးပဲစားစား တစ်ခုချင်းပဲ မှာစားစား အဆင်ပြေပါတယ်။

မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ချစ်သူနဲ့ ပိုမိုရင်းနှီးမှုရအောင် စားရင်းသောက်ရင်း အေးအေးဆေးဆေး စကားပြောချင်တယ်ဆိုရင် ဒီနေရာလေးက အရမ်းသင့်တော်တဲ့နေရာလေးပါနော်။

https://www.facebook.com/NovotelYangonMax/