နနွင်းဟာ ဆေးဖက်ဝင်အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဟင်းလျာတွေချက်စားရာမှာအသုံးပြုကြသလို ကျန်းမာရေးအတွက်လည်း များစွာအထောက်အပံ့ဖြစ်စေပါတယ်။

different types of turmeric barks

ဒါပေမဲ့နနွင်းကို ဒီလိုအချိန်တွေမှာမစားသင့်ပါဘူး။

၁။ ကိုယ်ဝန်ဆောင်မိခင်တွေ (သို့) နို့တိုက်ကျွေးနေတဲ့မိခင်တွေ

1452720709084

ကိုယ်ဝန်ဆောင်တွေ (သို့) နို့တိုက်နေဆဲမိခင်တွေဟာ နနွင်းကို မစားသင့်ပါဘူး။ နနွင်းဟာ ရာသီသွေးလည်ပတ်ချိန်ကို အားပေးတာ (သို့) သားအိမ်ကိုလှုံ့ဆော်ပေးတာကြောင့် ကိုယ်ဝန်ဆောင်တွေ အထူးသတိထားသင့်ပါတယ်။ (အထူးသဖြင့် ကိုယ်ဝန်နုတဲ့အချိန်)

၂။ သည်းခြေအိတ်မှာ ကျောက်တည်ခြင်း

turmeric-roots-and-a-jar-of-turmeric-powder

သည်းခြေအိတ်မှာ ကျောက်တည်နေတယ်ဆိုရင် နနွင်းကို တတ်နိုင်သမျှရှောင်တာအကောင်းဆုံးပါပဲ။ သည်းခြေအိတ်ကို နာကျင်စေပါတယ်။

၃။ ကျောက်ကပ်မှာကျောက်တည်ခြင်း

18

နနွင်းကို ပမာဏများများနဲ့ နေ့တိုင်းနီးပါးစားပေးတာဟာ ကျောက်ကပ်မှာကျောက်တည်မှုအန္တရာယ်ကို ဖြစ်ပွားစေပါတယ်။

၄။ ခွဲစိတ်မဲ့လူနာတွေ

Hospital - surgery team in the operating room or Op of a clinic operating on a patient, perhaps it's an emergency a assistant holding a cotton swap forceps

ခွဲစိတ်ဖို့ ဆရာဝန်နဲ့ချိန်းဆိုထားပြီးတဲ့သူတွေအနေနဲ့ နနွင်းကိုအနည်းဆုံး ၃ ပတ်လောက် မစားသင့်ပါဘူး။ နနွင်းဟာ သွေးခဲမှုကို လျှော့ကျစေတာကြောင့် ခွဲနေချိန်မှာ သွေးအလွန်အကျွံထွက်တတ်ပါတယ်။

၅။ ဆီးချို

diabetes

ဆီးချိုဝေဒနာရှင်တွေအနေနဲ့ နနွင်းကို လုံးဝရှောင်ရမယ်မဟုတ်ပါဘူး။ နနွင်းကိုစားပေးတာဟာ သွေးတွင်းသကြားဓါတ်ကို လျှော့နည်းစေတာကြောင့်ပါ။ ဒါ့ပေမဲ့ အလွန်အကျွံမစားပေးသင့်ပါဘူး။ သွေးတွင်းသကြားဓါတ်ကို မျှနေအောင်လို့ပါ။

၆။ သည်းခြေပြွန်ပိတ်ဆို့ခြင်း

nghe-1

သည်းခြေပြွတ်ပိတ်ဆို့တဲ့ ဝေဒနာခံစားနေရသူတွေအတွက် နနွင်းကို မစားပေးသင့်ပါဘူး။ သည်းခြေပြွန်ပိတ်ဆို့တာကနေ အသည်းခြောက်တဲ့ရောဂါထိဖြစ်ပေါ်စေနိုင်ပါတယ်။