မင်္ဂလာပါ…. ပျိုမဒီတို့ရေ….. အိမ်မှာဟင်းချက်တဲ့အခါ Non-Stick ဒယ်အိုးတွေက ဟင်းချက်တဲ့အခါမကပ်ဘဲ အရမ်းသုံးလို့ကောင်းတာကြောင့် အိမ်ရှင်မတွေအကြိုက်ဘဲပေါ့။ ဒါပေမယ့် သုံးတာကြာလာရင် Non-Stick ဒယ်အိုးတွေက ကွာတာတွေ ပျက်စီးတာတွေဖြစ်လာကြပါတယ်။ မသိဘဲအမှတ်တမဲ့လုပ်မိတဲ့အရာတွေက Non-Stick ဒယ်အိုးတွေကို ပျက်စီးအောင်လုပ်မိနေသလိုပါပဲ။

ဒါကြောင့်  Non-Stick ဒယ်အိုးကွာတာ‌က ဘာကြောင့်လဲဆိုတာ သတိမထားမိတတ်ကြတဲ့ အိမ်ရှင်မတွေအတွက် ဘယ်လိုအရာတွေက Non-Stick ဒယ်အိုးတွေကို ကွာစေတာလည်းဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

သတ္တုထည်အသုံးပြုခြင်း

ဟင်းချက်တဲ့အခါ သတ္တုနဲ့လုပ်ထားတဲ့ ဇွန်း၊ ယောင်းမတို့ကို သုံးလိုက်ရင် သတ္တုထည်က Non-Stick ဒယ်အိုးရဲ့   မျက်နှာပြင်ကို ခြစ်မိတာကြောင့်  သတ္တုကို ဘယ်တော့မှ မသုံးသင့်ပါဘူး။ သတ္တုထည်တွေအစား ပလက်စတစ်နဲ့လုပ်ထားတဲ့ ဇွန်း၊ ယောင်းမတို့ သုံးပေးပါ။

ဟင်းချက်ဆီဖြန်းခြင်း

Non-Stick ဒယ်အိုးတွေကိုသုံးမယ်ဆိုရင် Cooking Spray သုံးတာမျိုးကို ရှောင်ပေးပါ။ Cooking Spray တွေကြောင့် အကြွင်းအကျန်တွေကျန်နိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ အကြွင်းအကျန်တွေက ဖယ်ရှားဖို့ ခက်ခဲလို့ပါ။

အက်စစ်ဓာတ်ပါတဲ့ အစားအစာများကို ချက်ပြုတ်ခြင်း

ခရမ်းချဉ်သီးနဲ့ လိမ္မော်သီးတို့လို အက်စစ်ဓာတ်များတဲ့ အစားအစာတွေကိုချက်တဲ့အခါ Non-Stick ဒယ်အိုးတွေကို မသုံးပါနဲ့။ အက်ဆစ်က Non-Stick ဒယ်အိုးတွေကို ပျက်စီးစေလို့ပါ။

အပူရှိန်မြင့်မြင့်သုံးခြင်း

ကြော်တာနဲ့ပြုတ်တာတို့လို မီးပြင်းပြင်းသုံးရတဲ့အရာတွေချက်တော့မယ်ဆို Non-Stick ဒယ်အိုးတွေကို မသုံးသင့်ပါဘူး။ Non-Stick ဒယ်အိုးတွေကိုသုံးမယ်ဆို မီးအပူရှိန်ကို ဖြည်းဖြည်းနဲ့အလယ်အလတ်ထားသုံးတာက အကောင်းဆုံးပါဘဲ။

ဒယ်အိုးကို ကြမ်းကြမ်းတမ်းတမ်းဆေးခြင်း

Non-Stick ဒယ်အိုးတွေကို ဆေးတဲ့အခါမှာ ဆပ်ပြာပြင်းပြင်းတွေကို သုံးတာမျိုးရှောင်ပေးပါ။ ဆပ်ပြာပြင်းပြင်းတွေက ဒယ်အိုးရဲ့အလွှာများကို ပျက်စီးစေနိုင်တာကြောင့်ပါ။

Source: eatthis