အချဉ် (သို့) အချို အသီးအနှံတွေ မစားရင် ဘယ်လို လက္ခဏာတွေပြသလဲ။ ကျွန်မတို့ ခန္ဓာကိုယ်ဟာ အဟာရဓါတ်တွေ အပြည့်အဝရရှိဖို့လိုပါတယ်။
အချဉ် (သို့) အချို အသီးအနှံတွေ ဘာလို့စားပေးသင့်လဲ ဘယ်အချိန်တွေမှာ စားပေးသင့်သလဲဆိုတာ မျှဝေပေးချင်ပါတယ်။
မျက်နှာအသားအရေ ခြောက်သွေ့လာခြင်း
သင့်ခန္ဓာကိုယ်အတွင်း ဗီတာမင် E ဓါတ်ချို့တဲ့နေရင်တော့ အသားအရေခြောက်သွေ့လာပါမယ်။
ဒါ့ကြောင့် အခွံမာအသီးတွေ၊ ငါးကြီးဆီတွေနဲ့ အသီးအရွက်က ရတဲ့အဆီတွေကနေ ရရှိတဲ့ ဗီတာမင်ဓါတ်တွေကို လိုအပ်ပါတယ်။
ဆံပင်နဲ့ လက်သည်းခြေသည်းတွေ ပျက်စီးလာခြင်း
ဒီလက္ခာဏာရပ်က ဗီတာမင် B နဲ့ ကယ်လ်ဆီယမ်ဓါတ် ချို့တဲ့လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် အာလူး၊ နို့၊ ပဲအမျိုးမျိုးကို စားပေးသင့်ပါတယ်။
သွားဖုံး သွေးယိုခြင်း
ခန္ဓာကိုယ်အတွင်း ဗီတာမင် C ချို့တဲ့တာဟာ သွားဖုံးသွေးယိုမှုကို ဖြစ်စေပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ ဗီတာမင်ဓါတ်ကို ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နဲ့ အသီး အရွက်တွေမှာ ရနိုင်ပါတယ်။
ခြေထောက်ကြွက်တက်ခြင်းနဲ့ ဒေါသထွက်ခြင်း
မဂ္ဂနီဆီယမ်ဓါတ်နဲ့ ကယ်လ်ဆီယမ်ဓါတ် ချို့တဲ့တာဟာ အဲဒီလိုလက္ခဖြစ်စေပါတယ်။ အစိမ်းရောင်အဆင်းရှိတဲ့ (ဥပမာ- ပန်းမုန်လာစိမ်း) အသီးအရွက်တွေကို များများစားပေးပါ။ နေကြာစေ့ လို မဂ္ဂနီဆီယမ်ပါဝင်မှုများတဲ့ အစားအစာတွေကိုလည်း စားပေးသင့်ပါတယ်။
တံတောင်ဆစ်နားမှာ ခြောက်သွေ့ခြင်း
ဗီတာမင် A နဲ့ ဗီတမင် C ဓါချို့တဲ့တာဟာ တဒေါင်ဆစ်နားက အသားအရေကို ခြောက်သွေ့စေပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ အာဟာရကိုတော့ မုန်လာဥနီ၊ လိမ္မော်သီး စတဲ့ အဝါရောင် အဆင်းရှိ အသီးအနှံတွေမှာ ရနိုင်ပါတယ်။
အသီးအနှံကို အစိမ်းလိုက်စားခြင်း
အသည်းနဲ့ဆိုင်တဲ့ ရောဂါတွေအတွက် အစာအိမ်ရောင်တာတွေအတွက် အသီးအနှံတွေကို အစိမ်းလိုက်စားပေးသင့်ပါတယ်။
ချဉ်တဲ့အစားအစာစားပေးခြင်း
အသည်း နဲ့ သည်းခြေရဲ့ လုပ်ဆောင်မှုကို မြင့်တင်ပေးနိုင်ဖို့ ချဉ်တဲ့အစားအစာတွေကို စားပေးသင့်ပါတယ်။ သံပုယိုသီး၊ သံပုရာသီး စတာတွေဖြစ်ပါတယ်။
မကြာခဏ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အရိုးအဆစ် နာကျင်ခြင်း
ရေဓါတ်ကင်းမဲ့နေရင် အဲဒီလို လက္ခဏာမျိုးတွေ ပြတတ်ပါတယ်။ ရေဓါတ်ဟာ လူသားတို့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဖို့ အရေးအကြီးဆုံးပါပဲ။ အဲဒီအတွက် ရေများများသောက်ပေးရပါမယ်။ ဒါ့အပြင် သစ်သီးဖျော်ရည် ရေဓါတ်ရွှမ်းတဲ့ အသီးအနှံတွေကို စားသုံးပေးသင့်ပါတယ်။
Featured Image Source: arbresh.info